Machante Malakha HD

Machante Malakha

Drama Family HD 2025-02-27 1 125 Min

အသစ်ထွက်ထားတဲ့ မာလျာလမ်စကားပြော အချစ်ဇာတ်လမ်းလေးတစ်ခုကိုပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဆာဂျီဗန်ဟာ စူပါဖက်စ်ဆိုတဲ့ ယာဉ်လိုင်းတစ်ခုမှာ ယာဉ်အကူလုပ်နေသူတစ်ယောက်ဖြစ်ပါတယ်။သူဟာ အိမ်ထောင်မကျသေးတဲ့လူပျိုကြီးတစ်ယောက်ဖြစ်ပြီး သူ ကြိုက်နေတဲ့လုပ်ဖော်ကိုင်ဖက်မလေးကို ဖွင့်ပြောဖို့ အခွင့်ကောင်းစောင့်နေတဲ့သူပါ။ဒါပေမဲ့ အဲဒီလိုဖွင့်ပြောဖို့လုပ်နေတုန်းမှာ အဲဒီတစ်ယောက်က ရုတ်တရက်အိမ်ထောင်ပြုသွားတဲ့အတွက် စိတ်ညစ်ညစ်နဲ့တခြားယာဉ်လိုင်းကို ပြောင်းပြီးလိုက်နေတုန်းမှာ သူ့ဘဝထဲကို ခပ်စွာစွာကောင်မလေးတစ်ယောက်ဝင်လာခဲ့ပါတယ်။အဲဒီကောင်မလေးနဲ့ စတွေ့ကတည်းက ဆာဂျီဗန်တစ်ယောက် အဆူခံရ၊ အိမ်ပြန်နောက်ကျရ၊ အလုပ်ပြုတ်မလိုတွေဖြစ်ခဲ့ရပေမဲ့ အဲဒီကောင်မလေးအပေါ် ခံစားချက်တွေဖြစ်လာတဲ့အချိန်မှာတော့…မထူးဆန်းပေမဲ့ မြင်နေကျမဟုတ်တဲ့ ယာဉ်အကူကောင်လေးနဲ့ ခပ်စွာစွာကောင်မလေးတစ်ယောက်ကြားကကဗျာဆန်ဆန်အချစ်ဇာတ်လမ်းလေးကို ဒီရုပ်ရှင်လေးထဲမှာ ဆွတ်ပျံ့ကြည်နူးဖွယ် မြင်တွေ့ခံစားကြရမှာပဲဖြစ်ပါတယ်…။