Daytime Shooting Star HD

Daytime Shooting Star

Romance HD 2017-03-24 7.4 119 Min

ယိုဆနို ဆုဇုမဲရဲ့ မိဘတွေဟာ အလုပ်ကိစ္စနဲ့ ဘင်္ဂလားဒေ့ရှ်ကို ပြောင်းရွှေ့ဖို့ဖြစ်လာတော့ဇုဆုမဲလည်း ကျောင်းဆက်တက်ဖို့အတွက် ဦးလေးဖြစ်သူရှိရာ တိုကျိုမြို့ကို ပြောင်းလာခဲ့တော့တယ်။တိုကျိုရောက်တဲ့ပထမဆုံးနေ့မှာတင် အိမ်ရှာရင်းမူးလဲတော့ ခပ်ကြောင်ကြောင် လူတစ်ယောက်ကဆုဇုမဲကို အိမ်ပြန်ခေါ်လာပေးပါတော့တယ်။ ဒါပေမဲ့ ဆုဇုမဲမထင်ထားမိတာက အဲဒီလူကသူ့ရဲ့အတန်းပိုင်ဆရာဖြစ်လာမယ်ဆိုတာပါပဲ။ အထက်တန်းပထမနှစ်တက်ရင်း ဆရာ့ကိုချစ်မိသွားခဲ့တဲ့ခေတ်လူငယ်ပီပီ ဆုဇုမဲဟာ ဆရာ့ကို ဖွင့်ပြောလုပ်ပါတော့တယ်။ဒါပေမဲ့ ဆုဇုမဲရဲ့ သူငယ်ချင်းဖြစ်တဲ့မာမူရက ဆုဇူမဲကို ကြိုက်နေတဲ့ အချိန်မှာတော့…တောသူမလေး ဆုဇုမဲတစ်ယောက် မာမူရနဲ့ ဆရာ့ကြားမှာ ဘယ်လိုသုံးပွင့်ဆိုင်မလဲဆိုတာကိုပေါ့ပေါ့ပါးပါး ကြည့်ရှုနိုင်မဲ့အချစ်ဟာသကားကောင်းလေးပဲဖြစ်ပါတယ်။