ကိုယ့်ရဲ့အကြီးမားဆုံးရန်သူကဘယ်သူလဲလို့မေးလိုက်ရင်ကိုယ်ကိုယ်တိုင်ပါပဲလို့ပြောရမှာပါပဲ။ကိုယ်ကိုယ်တိုင်ကပဲကိုယ့်ဘ၀ကို ကောင်းမွန်အောင် ပျော်ရွင်စရာကောင်းအောင်လုပ်ပေးနိုင်သလိုဝမ်းနည်းစရာကောင်းအောင် အဆိုးဆုံးအခြေအနေဆိုရင် ကိုယ့်အသက်ကိုယ်နှုတ်ယူတဲ့အထိပါကိုယ့်ကိုအန္တရာယ်ပေးနိုင်ပါတယ်။အဲ့ဒါကြောင့်ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပြီး ရန်သူမဖြစ်စေဘဲမိတ်ဆွေအဖြစ်ပေါင်းသင်းနိုင်ဖို့ကအရေးကြီးပါတယ်အခုတင်ဆက်ပေးမဲ့ဇာတ်ကားလေးကလည်း ဒီလိုအကြောင်းအရာမျိုးကို စိတ္တဇဆန်ဆန် သည်းထိပ်ရင်ဖိုဖြစ်အောင်ရိုက်ကူးပြသထားတာဖြစ်ပါတယ်။ဇာတ်ကားနာမည်ကတော့ Smrst ဖြစ်ပြီး လက်ရှိIMDbRating 5.5 အထိရရှိထားပါတယ်။ဒီဇာတ်ကားရဲ့အဓိကဇာတ်ကောင်ကတော့ မှုခင်းဆေးစိတ်ပညာရှင် မာတင်ဖြစ်ပြီး သူ့အလုပ်ကတော့ ရာဇဝတ်မှုတရားခံတွေရဲ့စိတ်ကျန်းမာရေးကိုအကဲဖြတ်သုံးသပ်ပေးရတာပဲဖြစ်ပါတယ်။သူ့မိန်းမပေါင်လာက ကင်ဆာရောဂါသည်ဖြစ်နေတဲ့အတွက် သူတို့နှစ်ယောက်လုံးအတွက်အဆင်ပြေဖို့အတွက် ကင်ဆာရောဂါသည်တွေကိုကုသပေးတဲ့ဟော်တယ်လိုမျိုး ကျန်းမာရေးစခန်းတစ်ခုကိုသွားခဲ့ပါတော့တယ်။အဲ့ဒီမှာသူ့မိန်းမအတွက်ကုသမှုခံနေရင်းနဲ့ သူကိုင်ရမဲ့အမှုဖြစ်တဲ့ လူသတ်မှုတရားခံကိုသုံးသပ်ဖို့လုပ်ခဲ့ပါတော့တယ်လူသတ်မှုလို့ဆိုပေမဲ့သူအင်တာဗျူးခဲ့တာတွေကို ပြန်လည်စစ်ဆေးကြည့်တဲ့အခါမှာ တရားခံက သူလုပ်ခဲ့တာမဟုတ်ကြောင်းနဲ့ လေအမျိုးသမီးလို့ခေါ်တဲ့ ကြောက်စရာကောင်းတဲ့သဘာ၀လွန်အရာကြီးအကြောင်းကိုထပ်ခါထပ်ခါပြောနေမှန်းသိခဲ့ရပါတော့တယ်။ဒီလိုနဲ့ အဲ့ဒီအကြောင်းဆက်သုံးသပ်ရင်းဒီလိုအရာကြီးကတကယ်ရှိတာလားတရားခံကပဲဂျင်းထည့်နေတာလားဆိုတာတွေအပြင် သူတို့လင်မယားနှစ်ယောက်ရော အဲ့ဒီစခန်းကြီးမှာ ဘာတွေဆက်ဖြစ်ဦးမယ်ဆိုတာတွေကိုရှုစားရမဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။