My Sister, the Pig Lady HD

My Sister, the Pig Lady

Comedy Romance HD 2015-09-10 6.2 102 Min

ငါးဖမ်းခြင်းလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုတဲ့ တံငါရွာလေးမှာ တစ်နေ့တော့ ငါးတွေဟာပင်လယ်ထဲမှာ မရှိတော့တဲ့ အထိဖြစ်သွားခဲ့ပြီး ရွာလေးဟာလည်း စီးပွားပျက်လုနီးပါး ဖြစ်သွားခဲ့ပါတယ်အဲဒါကြောင့် လူငယ်အများစုဟာ မြို့ကို အသီးသီး ထွက်ခွာသွားခဲ့ကြပေမဲ့ ရွာမှာ ကျန်ခဲ့တဲ့ လူငယ်အနည်းစုထဲကသူငယ်ချင်း သုံးယောက်ဖြစ်ကြတဲ့ ဂျယ်ဟွာ (Hwang Jung Eum), ယူဂျာ (Choi Ye Jin),မီဂျာ (Park Jin Ju)တို့ဟာရွာမှာ လူပျိုဆိုလို့ တစ်ယောက်တည်း ကျန်တော့တဲ့ ဂျွန်ဆော့ (Lee Jong Hyuk) ကို တိတ်တခိုး ကြိုက်နေကြပြီးပိုင်ဆိုင်ဖို့ ကြိုးစားနေကြတဲ့ သူတွေပါ။ဂျယ်ဟွာကတော့ ဝက်တွေမွေးမြူရင်းနဲ့ ချမ်းသာဖို့ ကြိုးစားနေတဲ့ ကောင်မလေးတစ်ယောက်ဆိုပေမဲ့ သူ့ရဲ့အမေဖြစ်သူဟာ ဖောက်ပြန်နေတယ်ဆိုပြီး ရွာထဲမှာ ကောလာဟလတွေ ထွက်နေခဲ့သလို အဖေဖြစ်သူကလည်းအချိန်တိုင်းအရက်မူးနေလေ့ရှိပြီး မောင်ဖြစ်သူကလည်း မကြာခဏ ရန်ဖြစ်နေတတ်တဲ့အတွက် သူ့အတွက်မိသားစု ပြဿနာတွေဟာ တစ်စတစ်စ ကြီးမားလာခဲ့ပါတော့တယ်။ ဂျွန်ဆော့ကတော့မိသားစုပြဿနာတွေကြောင့်စိတ်ညစ်နေရတဲ့ ဂျယ်ဟွာ့ကို အမြဲတမ်း အားပေးလေ့ရှိပြီး ဂျယ်ဟွာ့ဘေးမှာ ရှိနေပေးတတ်တဲ့ သူတစ်ယောက်ပါ။သူတို့နှစ်ယောက်ဟာ အနေနီးတာ ကြာလာတဲ့အခါမှာတော့အဆင့်တက်ပြီး ချစ်သူတွေ ဖြစ်သွားကြပါတော့တယ်။။ဒါပေမဲ့ ဂျွန်ဆော့ကို တစ်ဖက်သတ် ကြိုက်နေကြတဲ့ ယူဂျာနဲ့ မီဂျာတို့ကတော့ လက်မလျှော့ကြဘဲ ချစ်သူနှစ်ဦးရဲ့ဆက်ဆံရေးကို ဝင်ရောက်ချိုးဖောက်ဖို့ကြိုးစားကြပါတော့တယ်။ဂျယ်ဟွာနဲ့ ဂျွန်ဆော့ရဲ့ ချစ်သူဘဝလေးဟာ လှပတဲ့ အဆုံးသတ်လေး ဖြစ်သွားမလား…ဒါမှမဟုတ် သူတို့ နှစ်ဦးကြားကို ဝင်ရောက်လာတဲ့ ယူဂျာနဲ့မီဂျာတို့ရဲ့ အကြံအစည်တွေကပဲအောင်မြင်သွားမလား…ဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ ဆက်လက် ရှုစားပေးကြပါဦးနော်။ငါးဖမ်းခြင်းလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုတဲ့ တံငါရွာလေးမှာ တစ်နေ့တော့ ငါးတွေဟာပင်လယ်ထဲမှာ မရှိတော့တဲ့ အထိဖြစ်သွားခဲ့ပြီး ရွာလေးဟာလည်း စီးပွားပျက်လုနီးပါး ဖြစ်သွားခဲ့ပါတယ်အဲဒါကြောင့် လူငယ်အများစုဟာ မြို့ကို အသီးသီး ထွက်ခွာသွားခဲ့ကြပေမဲ့ ရွာမှာ ကျန်ခဲ့တဲ့ လူငယ်အနည်းစုထဲကသူငယ်ချင်း သုံးယောက်ဖြစ်ကြတဲ့ ဂျယ်ဟွာ (Hwang Jung Eum), ယူဂျာ (Choi Ye Jin),မီဂျာ (Park Jin Ju)တို့ဟာရွာမှာ လူပျိုဆိုလို့ တစ်ယောက်တည်း ကျန်တော့တဲ့ ဂျွန်ဆော့ (Lee Jong Hyuk) ကို တိတ်တခိုး ကြိုက်နေကြပြီးပိုင်ဆိုင်ဖို့ ကြိုးစားနေကြတဲ့ သူတွေပါ။ဂျယ်ဟွာကတော့ ဝက်တွေမွေးမြူရင်းနဲ့ ချမ်းသာဖို့ ကြိုးစားနေတဲ့ ကောင်မလေးတစ်ယောက်ဆိုပေမဲ့ သူ့ရဲ့အမေဖြစ်သူဟာ ဖောက်ပြန်နေတယ်ဆိုပြီး ရွာထဲမှာ ကောလာဟလတွေ ထွက်နေခဲ့သလို အဖေဖြစ်သူကလည်းအချိန်တိုင်းအရက်မူးနေလေ့ရှိပြီး မောင်ဖြစ်သူကလည်း မကြာခဏ ရန်ဖြစ်နေတတ်တဲ့အတွက် သူ့အတွက်မိသားစု ပြဿနာတွေဟာ တစ်စတစ်စ ကြီးမားလာခဲ့ပါတော့တယ်။ ဂျွန်ဆော့ကတော့မိသားစုပြဿနာတွေကြောင့်စိတ်ညစ်နေရတဲ့ ဂျယ်ဟွာ့ကို အမြဲတမ်း အားပေးလေ့ရှိပြီး ဂျယ်ဟွာ့ဘေးမှာ ရှိနေပေးတတ်တဲ့ သူတစ်ယောက်ပါ။သူတို့နှစ်ယောက်ဟာ အနေနီးတာ ကြာလာတဲ့အခါမှာတော့အဆင့်တက်ပြီး ချစ်သူတွေ ဖြစ်သွားကြပါတော့တယ်။။ဒါပေမဲ့ ဂျွန်ဆော့ကို တစ်ဖက်သတ် ကြိုက်နေကြတဲ့ ယူဂျာနဲ့ မီဂျာတို့ကတော့ လက်မလျှော့ကြဘဲ ချစ်သူနှစ်ဦးရဲ့ဆက်ဆံရေးကို ဝင်ရောက်ချိုးဖောက်ဖို့ကြိုးစားကြပါတော့တယ်။ဂျယ်ဟွာနဲ့ ဂျွန်ဆော့ရဲ့ ချစ်သူဘဝလေးဟာ လှပတဲ့ အဆုံးသတ်လေး ဖြစ်သွားမလား…ဒါမှမဟုတ် သူတို့ နှစ်ဦးကြားကို ဝင်ရောက်လာတဲ့ ယူဂျာနဲ့မီဂျာတို့ရဲ့ အကြံအစည်တွေကပဲအောင်မြင်သွားမလား…ဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ ဆက်လက် ရှုစားပေးကြပါဦးနော်။