Mouse Of Horrors FHD

Mouse Of Horrors

Horror FHD 2025-01-25 6.1 83 Min

ဒီတစ်ခါ ပရိသတ်ကြီး အပျင်းပြေ ကြည့်ဖို့ Slasherဇာတ်ကားလေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဥရောပနိုင်ငံ ဆိပ်ကမ်းမြို့လေး တစ်မြို့မှာ နေတဲ့ကလိုဝီဆိုတဲ့ ကောင်မလေးတစ်ယောက် ကယ်လီဖိုးနီးယားကို ကျောင်းသွားတက်ဖို့အတွက် မသွားခင်သူငယ်ချင်းတွေ အားလုံး ဆုံကြပြီးတော့ နှုတ်ဆက်ပွဲအနေနဲ့ ပျော်ပျော်ပါးပါး သောက်ကြစားကြဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ သောက်စားနေကြရင်းနဲ့ပွဲတော်ရက်ပြီးလို့ ပိတ်သွားပြီတဲ့ ဖြစ်တဲ့ ဖန်ဖဲပွဲတော်ဝင်းကိုခိုးဝင်ကြပြီး ကစားကြဖို့ သူငယ်ချင်းတစ်ယောက်ကစလိုက်တာ အားလုံးက သဘောတူကြပါတယ်။သူတို့ မသိလိုက်တာက သူတို့မြို့လေးမှာစိတ္တဇရူးသွပ်နေတဲ့ ဆရာဝန်တစ်ယောက် ရောက်နေတယ်ဆိုတာပါပဲ။ အဲဒီဆရာဝန်က သူဖန်တီးထားတဲ့သွေးဆာနေတဲ့ သတ္တဝါတွေသုံးပြီး လူတွေကိုသတ်ဖြတ် ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုစုဆောင်းနေတာပါ။ ဒီသတ္တဝါတွေ ကလိုဝီတို့ကစားနေကြတဲ့ ပွဲတော်ဝင်းထဲကို ရောက်ရှိလာချိန်မှာတော့….။