Chuck Billy and The Marvelous Guava Tree FHD

Chuck Billy and The Marvelous Guava Tree

Comedy Family Adventure FHD 2025-01-09 7.648 101 Min

ဒီကားလေးကတော့ 2024ခုနှစ်မှာထွက်ထားတဲ့ဘရာဇီးကားလေးဖြစ်ပါတယ်။ဒီဇာတ်လမ်းလေးဟာ Chuck ဆိုတဲ့ စိတ်ကူးယဥ်ဆန်တဲ့ကလေးတစ်ယောက်ဟာ သူဘဝအကြောင်းကို ပုံပြင်လိုပြန်ပြောပြတဲ့ပုံစံဖြင့်ရိုက်ကူးထားတာဖြစ်ပါတယ်။Chuck ဟာ မာလကာသီးကို မိခင်ဝမ်းတည်းကအရမ်းတောင့်တသူဖြစ်ပြီး ကြီးလာတဲ့အခါမှာလည်းမာလကာသီးကို အရမ်းစွဲလမ်းတဲ့သူဖြစ်လာပါတော့တယ်သူ့ရဲ့တစ်နေ့တာကို သူ့ရွာမှာရှိတဲ့လူကြီးတစ်ယောက်ရဲ့သစ်သီးခြံကမာလကာသီးကို သွားခိုးခူးစားရင်းအချိန်ကိုကုန်ဆုံးလေ့ရှိပါတယ်။Chuckက ခေါင်းမာတဲ့သူဖြစ်ပြီး သူများစကားကိုနားမထောင်ဘဲလုပ်ချင်ရာလုပ်တတ်သူမျိုးဖြစ်ပါတယ်။တစ်နေ့မှာ ရွာမှာရှိတဲ့သူဌေးတစ်ယောက်က ရွာဖွံ့ဖြိုးဖို့လမ်းဖောက်ရန် ရွာကလူတွေကိုစည်းရုံးပါတော့တယ် ။ပြဿနာကတော့လမ်းဖောက်ရင်မာလကာသီးပင်ကိုဖြတ်ပြီးဖောက်ရမှာဖြစ်လို့ အပင်ကိုခုတ်ပစ်ဖို့ကြိုးစားကြတဲ့အခါ Chuckဟာ သူတွေးနိုင်တဲ့နည်းလမ်းတွေနဲ့တားဖို့သူငယ်ချင်းတွေနဲ့ကြိုးစားပါတော့တယ်။Chuckနဲ့ သူငယ်ချင်းတစ်စုကတကယ်ပဲ လမ်းခင်းတာကိုတားနိုင်မှာလား…..လမ်းခင်းရခြင်းရဲ့နောက်ကွယ်မှာဘာတွေရှိနေမှာလဲ…..သူ့ရဲ့ပုံပြင်လေးက အဆုံးသတ်မှာဘယ်လိုဖြစ်သွားမှာလဲကိုကြည့်ရှူနိုင်မှာဖြစ်ပါတယ်…..ဒီကားလေးမှာရွာရဲ့အလှတရားတွေ ရွာကလေးမှာကလေးတစ်ယောက်အဖြစ် နေရတဲ့ခံစားချက်မျိုးလေးတွေကို ခံစားပြီးကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ပေါ့ပေါ့ပါးပါးကားမျိုးကြည့်ချင်တယ်ဆိုရင်တော့ဒီကားလေးကိုကြည့်ဖို့ညွှန်းပါတယ်ဗျာ။