ယောက်ျားဖြစ်သူ ရန်ပွဲမှာ သေဆုံးသွားလို့ တစ်ချိန်လုံးအရက်သောက်,လောင်းကစားလုပ်နေတဲ့ အမေကိုစိတ်နာပြီးကိုယ်ခံပညာကလည်း တတ်တော့သူ့ရဲ့မကျေနပ်ချက်တွေကိုလက်သီးသုံးပြီးဖြေရှင်းတတ်တဲ့ကျောင်းသူ ကောင်မလေးတစ်ယောက်ရဲ့အကြောင်းပါ…သူက မတရားအနိုင်ကျင့်တာတွေ မိန်းကလေးတွေအပေါ်ဖိနှိပ်တာတွေ, sexual assault လုပ်တတ်တဲ့ကောင်မျိုးတွေနဲ့ဆုံတိုင်းမနက်မှာတွေ့ရင် ဟဲ့ကောင်တွေ မနက်စာစားနေကြတာလားလို့မေးပြီး ဗျင်းလိုက် , ညတွေ့ရင် ညစာစားနေတာလားမေးရင်းနဲ့ တီးလွှတ်လိုက်နဲ့ အကုန်ပတ်တီးနေတဲ့ပတ်တီးလေးဆိုတော့ ကျောင်းတွေလည်းဒီနေ့စတက် မနက်ဖြန်ထွက်ဆိုသလို ခဏခဏပြောင်းရတဲ့ Main Lead ကောင်မလေးရဲ့ဇာတ်လမ်းပါ ဇာတ်ကြောင်းက အင်မတန်ရိုးရှင်းပြီး run-timeသိပ်မကြာဘူးဆိုတော့ ဇာတ်လမ်းအကြောင်းတော့အများကြီးမပြောတော့ပါဘူး ပေးရတဲ့အချိန်နဲ့ ပြန်ရတာနဲ့ တန်တယ်လို့ယူဆလို့ရပါတယ်…Main Lead ဖြစ်တဲ့ Bonnie နေရာမှာသရုပ်ဆောင်တဲ့Livi Ciananta ဆိုတဲ့မင်းသမီးရဲ့ပွဲဦးထွက်ရုပ်ရှင်ဖြစ်ပြီးတော့ဒီဇာဝာ်ကားအတွက်မင်းသမီးကိုယ်တိုင် StuntသမားမသုံးပဲMartial Arts training တွေကိုယ်တိုင်အချိန်ပေးလေ့ကျင့်ပြီးအင်ဒိုနီးရှားမှာ နာမည်ကြီးတဲ့ ဒါရိုက်တာတွေနဲ့ရိုက်ကူးထားတာပါ..ဒီဇာတ်ကားရဲ့ ထူးခြားချက်ကတော့ ရုပ်ရှင်ထဲမှာ ကဗျာစာသားလေးတွေ ပြန့်ကျဲပြီး နောက်ခံစကားပြောအနေနဲ့ပါဝင်နေတာပါပဲ Indonesian to English , English toBurmeseဘာသာပြန်ရတဲ့အတွက်ကြောင့် ကဗျာလေးတွေကိုဘာသာပြန်တဲ့နေရာမှာ လိုအပ်ချက်လေးတွေရှိရင် နားလည်ပေးကြပါ…..ကဗျာလေးတွေရဲ့ Message ကို အတတ်နိုင်ဆုံးခံစားပြီးဘာသာပြန်ပေးထားပါတယ်….တချို့ ကဗျာစာသားလေးတွေက အတော်လေးနက်လို့ဘာသာပြန်ရင်း ကဗျာပိုးပါဝင်ပြီး ဇာတ်ကားထဲမှာပါတဲ့ကိုယ့်ကိုကိုယ်သိထားတာ အကောင်းဆုံးပဲဆိုတဲ့ကဗျာစာသားလေးကို မှီငြမ်းပြီးတော့ ကဗျာလေးနှစ်ကြောင်းပါစပ်လိုက်ပါသေးတယ်….” In life , it’s better to know your own voiceWhile you’re sailing through the sea of noise ”ကဲ ကဗျာလေးပါမေတ္တာလက်ဆောင်ထည့်ပေးထားတယ်ဆိုတော့ အားပေးကြပါဦးခင်ဗျာ………………