ဒီဇာတ်လမ်းထဲမှာတော့ လူသားအသွင်ပြောင်းနိုင်တဲ့ Woodwalkersလို့ခေါ်တဲ့ အကောင်တွေနဲ့ လူသားတွေက ယှဉ်တွဲနေနေကြတယ်။Woodwalkerတွေဟာ လူသားအသွင်လည်းပြောင်းနိုင်သလိုတိရိစ္ဆာန်အသွင်လည်းပြောင်းနိုင်တာမို့ သူတို့ဟာ လူသားတွေနဲ့ တိရိစ္ဆာန်တွေကြားက မျှခြေကို ထိန်းသိမ်းပေးနေတဲ့လူတွေလို့ပြောလို့ရတယ်။တစ်နိုင်ငံလုံးမှာ တကွဲတပြားဖြစ်နေပြီး လူသားတွေနဲ့သဟဇာတမဖြစ်နေတဲ့ Woodwalkerတွေကို လေ့ကျင့်ပေးဖို့ ကလီးယားဝါးတားလို့ခေါ်တဲ့ကျောင်းတစ်ကျောင်းရှိတယ်။အဲဒီကျောင်းမှာ တောင်ခြင်္သေ့ကနေ လူသားအသွင်ပြောင်ထားတဲ့ Woodwalkerဖြစ်တဲ့ကောင်လေး သူငယ်ချင်းအသစ်တွေရလာသလို လူသားတွေကို ဖျက်ဆီးချင်တဲ့ Woodwalkerတွေကို တားရတာတွေကို ရိုက်ပြထားတယ်။ဟယ်ရီပေါ်တာတို့ဘာတို့လို မတူတဲ့ကမ္ဘာတစ်ခုကိုရိုက်ပြထားတဲ့Fantasy ကားဆိုတော့ လူငယ်တွေတော်တော်များများကြိုက်မယ့်ပုံစံပါပဲ။ Friendship တွေ ဘာတွေကိုလည်း အသားပေးထားတယ်။