2023ခုနှစ်က ထွက်ရှိခဲ့တဲ့ စင်ဟာလာစကားပြောရုပ်ရှင် Tentigo(2023)ကိုRemakeပြန်ရိုက်ထားတဲ့ တမီးလ်စကားပြော black comedyအမျိုးအစား အိန္ဒိယရုပ်ရှင်။ပိတ်ရက်မှာပျင်းနေတဲ့ တမီးလ်ရုပ်ရှင်ဖန်တွေအတွက် ဒီရုပ်ရှင်က အပျင်းပြေစေနိုင်မှာပါ။အဘိုးကြီးတစ်ယောက်သေသွားတယ်။ လူသာသေတယ် နာမည်သေမသွားဘူးဆိုတာမျိုးရှိပေမဲ့ဒီအဘိုးကြီးကတော့လူသာသေသွားတယ် ငယ်ပါကငေါက်တောက်။ရပ်ရွာထဲမှာ လေးစားခံရတဲ့ပုဂ္ဂိုလ်တစ်ယောက်လည်းဖြစ်တော့ကျန်ခဲ့တဲ့ မိသားစုဝင်တွေကဒီကိစ္စကြီးကို ဖုံးဖိဖို့လုပ်ကြတာပေါ့။အသုဘအတွက် ဆွေမျိုးတွေနဲ့ ပတ်ဝန်းကျင်ကိုအကြောင်းမကြားခင်မှာ ဒီပြဿနာကို ရှင်းဖို့ကြိုးစားရင်းအလွဲလွဲအချော်ချော်တွေဖြစ်ကြပုံကို မပြုံးဘဲ ဝါးလုံးကွဲရယ်မောရင်း ကြည့်ရှုကြရမှာပါ။