Snow Blossom HD

Snow Blossom

Drama Thriller HD 2020-04-16 7 87 Min

ဂန်ဆောဟွာကတော့ ဘားတစ်ခုမှာ အလုပ်လုပ်နေတဲ့ အသက် ၂၀ အရွယ် မိန်းမလှလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။သူ့ရဲ့ အလှကြောင့် ဘားမှာ ယောက်ျားလေး ဧည့်သည်တွေနဲ့ ဝိုင်းဝိုင်းလည်နေပေမဲ့လည်း အေးစက်ပြီးတစ်သီးတစ်ခြားနေတတ်တဲ့ သူ့ရဲ့ အပြုအမူကြောင့်ပဲ “ရေခဲမင်းသမီး ” လို့ နာမည်တွင်နေပါတော့တယ်။ဒီလိုနဲ့ တစ်နေ့မှာ ဆောဟွာကို သဘောကျနေတဲ့ ဒိုဂျင်းက သူငယ်ချင်းဖြစ်သူ ဂျုံဟိုနဲ့အတူ ဘားကို ရောက်လာပြီးဆောဟွာကို အပန်းဖြေစံအိမ်ကို သွားဖို့ ဖိတ်ခဲ့ပါတယ်။ တခြားယောက်ျားလေးတွေကို အေးတိအေးစက်နဲ့ဆက်ဆံတတ်တဲ့ ဆောဟွာက ဒိုဂျင်းနဲ့ကျမှ ပြောင်းလဲသွားပြီး အပန်းဖြေစံအိမ်ကို လိုက်ခဲ့ဖို့ သဘောတူလိုက်ပြီးနောက်အဲဒီနေ့မှာ ဆောဟွာကသူတစ်ယောက်တည်း မဟုတ်ဘဲ တခြားယောကျ်ားလေးတစ်ယောက်ကိုပါ ခေါ်ပြီးတော့ဒိုဂျင်းရှေ့ကို ရောက်လာပါတော့တယ်။ ဒီလိုနဲ့ သွားရတဲ့ ရည်ရွယ်ချက်ချင်း မတူညီတဲ့ သူတို့သုံးယောက်အပန်းဖြေစံအိမ်ကို အတူသွားဖို့ ဖြစ်လာတဲ့အခါမှာတော့ …။