Parasite in Love HD

Parasite in Love

Drama Romance HD 2021-11-12 6.9 100 Min

ဒီတစ်ခါမှာတော့ Nana Komatsu နဲ့ Kento Hayashi တို့ ပါဝင်ထားတဲ့ Parasite in Love ဆိုတဲ့ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ခိုဆကနဲ့ ဆာနာဂီတို့ ချစ်သူနှစ်ဦးမှာ ခိုဆက ကတော့ အသန့်ကြိုက်တဲ့ရောဂါကို ခံစားနေရကာပိုးသတ်မထားတဲ့ အရာဝတ္ထုတွေကို ထိတွေ့မိလိုက်တိုင်းသူ့ဆီကို ရောဂါတွေ ကူးစက်လာပြီလို့ထင်နေတဲ့ စိတ်ရောဂါကို ခံစားနေရသူ ဖြစ်ပြီး ဆာနာဂီကတော့ လူတွေကြည့်တာကို မခံနိုင်ဘဲမျက်လုံးတွေကို ကြောက်တဲ့ စိတ်ရောဂါကို ခံစားနေရတဲ့သူပဲဖြစ်ပါတယ်ဒါပေမဲ့ သူတို့နှစ်ယောက် အခုလိုမျိုး စိတ်ရောဂါတွေဖြစ်နေတာဟာ သူတို့ရဲ့ ခေါင်းထဲမှာကပ်ပါးကောင်တစ်မျိုး ရှိနေလို့ပါပဲ။ အဲဒီကပ်ပါးကောင်ကြောင့်ပဲ ဖြစ်ပေါ်လာတဲ့ သူတို့ရဲ့အချစ်စိတ်တွေဟာလည်းခံစားချက် အစစ်အမှန် မဟုတ်ပြန်ပါဘူး။ ကပ်ပါးကောင်ကိုခွဲစိတ်ဖယ်ရှားပြီးတော့ ကုသလို့ ရပေမဲ့ အဲဒီလို ကုသလိုက်ရင်လည်း အချစ်စိတ်တွေ အကုန်ကွယ်ပျောက်သွားရမှာဖြစ်သလို မကုသဘူးဆိုရင်လည်းကပ်ပါးကောင်ကြောင့် သေဆုံးရမယ်ဆိုတာပါပဲ။ဒီတော့ သူတို့ ချစ်သူနှစ်ယောက် ဘယ်အရာကို ဦးစားပေးပြီး ဘယ်လမ်းကို ရွေးချယ်သွားကြမလဲဆိုတာကိုကြည့်ရှုလိုက်ကြပါဦးနော်။