ထိုင်းနိုင်ငံ အယုဒ္ဓယပြည်ခေတ်က တကယ်ရှိခဲ့တဲ့ ဂျပန်နိုင်ငံသား မွေ့ထိုင်းသူရဲကောင်းတယောက်အကြောင်းကို ရိုက်ကူးထားတာပါ။ယာမာဒါဟာ ထိုင်းနိုင်ငံကို ဂျပန်စစ်တပ်နဲ့အတူရောက်လာတဲ့စစ်သားတစ်ယောက်ဖြစ်ပြီးဘယ်သူမှသိလို့မရတဲ့လျှို့ဝှက်ချက်တစ်ခုကို သိရှိသွားပြီးနောက်မှာ အသက်အန္တရာယ်ကို ရန်ရှာခံရကာ သေလုနီးပါးဖြစ်ခဲ့ရပါတယ်။သူ့ကို ရွာသားတစ်စုက ကယ်တင်ပေးလို့ အသက်ချမ်းသာရာရခဲ့တာကြောင့် ယာမာဒါဟာ သူ့အသက်ကို အယုဒ္ဓယပြည်အတွက် ပေးဆပ်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ယာမာဒါဟာ ထိုင်းဘုရင်နဲ့ ထိုင်းနိုင်ငံကို အမှန်တကယ်ကာကွယ်ပေးခဲ့တာကြောင့် မြို့စားမင်း နယ်စားမင်းဖြစ်တဲ့အထိ ရာထူးချီးမြင့်ခံခဲ့ရကြောင်း ရာဇဝင်မှတ်တမ်းများမှာ ဆိုထားပါတယ်။