ယောက်ျားဖြစ်သူ ဒေးဗစ် ကားမှောက်မှုမှာ သေဆုံးသွားပြီး တေလာအန်နီ ဆိုတဲ့ ကလေး ၂ ယောက်နဲ့ ကျန်ခဲ့တဲ့ ရိုမိုနာတို့ မိသားစုအကြောင်းပါ။ကားအက်ဆီးဒင့်မှာ ခင်ပွန်းဒေးဗစ်ကိုဆုံးရှုံးလိုက်ရသလိုသူကိုယ်တိုင်လည်း ခြေထောက်တစ်ဖက်ဒဏ်ရာရသွားပါတယ်။ဇာတ်လမ်းစတာကတော့ သူ့ခင်ပွန်းဆုံးအပြီး ၁ ပတ်အကြာမှာပေါ့…သူတို့မိသားစုနေတဲ့အိမ်က စိုက်ခင်းတွေဘေးက လယ်တောအိမ်ဘေးမှာအိမ်နီးချင်းရယ်လို့မရှိ အိမ်ထောင်ဦးစီးခင်ပွန်းပါဆုံးသွားတော့ အိမ်က ပိုပြီးခြောက်ကပ်နေတယ်..တစ်နေ့ သူတို့အိမ်က မီးပါပျက်သွားလို့ မိသားစု ၃ ယောက်ဒုက္ခပင်လယ်တွေဝေနေတယ်..ဒီလိုနဲ့တစ်မနက်မှာ နာရေးတွေမှာဝတ်တဲ့အမည်းရောင်ဝတ်စုံကြီးနဲ့အမျိုးသမီး တစ်ဦးမျက်နှာကိုအုပ်ပြီး သူတို့ခြံထဲမှာရောက်နေတယ်..သူက တစ်ရက်လုံးဘယ်မှာမသွားဘဲထိုင်နေတဲ့အတွက် ရိုမိုနာတို့ သားမိ၃ ယောက်အတွက်ပိုပြီးကျောချမ်းစရာဖြစ်လာတယ်..နောက်တစ်နေ့ရောက်တော့ ဒီအမျိုးသမီးဟာ ခြံထဲကနေ အိမ်နဲ့ပိုပိုပြီးနီးကပ်လာတဲ့အခါ..သူဟာ ဘယ်သူလဲ ဘယ်လိုကြောင့်ခြံထဲမှာရုတ်တရက်ကြီးပေါ်လာတာလဲဆိုတာကို မေးခွန်းပေါင်းများစွာနဲ့ ကျောချမ်းစွာကြည့်ရမယ့် Horror , Thriller ကားကောင်းလေးဖြစ်ပါတယ်။