Inti Number – 13 HD

Inti Number – 13

Thriller Mystery HD 2024-03-01 8.3 0 Min

ဒီတစ်ခါတော့ သဘာ၀လွန်ဖြစ်ရပ်တွေနဲ့ စိတ်၀င်စားစရာကောင်းတဲ့ တေလဂူစကားပြောhorror ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းစစချင်းမှာ အသက် ၉၀ အရွယ်အဘိုးကြီးတစ်ယောက်က သဘာ၀လွန်ဖြစ်ရပ်အကြောင်းပြောတာနဲ့အစပျိုးထားပါတယ်။ အဲဒါကတော့ အိမ်တစ်အိမ်နဲ့ ပတ်သက်နေတဲ့ဖြစ်ရပ်ပါ။အဲဒီအိမ်က အိမ်နံပါတယ် ၁၃…။တစ်နေ့တော့ အဲဒီအိမ်ကို လူအသစ်တွေရောက်လာကြပါတယ်။ သူတို့ကတော့စာရေးဆရာလေးအာဂျွန်နဲ့ သူ့အစ်ကိုဆန်ဂျေးတို့လင်မယားပါပဲ။သူတို့တွေရောက်လာပြီးတဲ့နောက်ပိုင်း အိမ်မှာဘာတွေထူးခြားလာမလဲ၊ သူတို့တွေ အဲဒီအိမ်ကိုဘယ်လိုရောက်လာတာလဲ၊ နောက်ကွယ်မှာ ဘယ်လိုလျှို့ဝှက်ဆန်းကြယ်မှုတွေရှိနေမလဲ…ဇာတ်လမ်းအစကအဘိုးကြီးကရော ဘယ်လိုဆက်စပ်ပတ်သက်နေမလဲဆိုတာကို ကြောက်စရာ သည်းထိတ်ရင်ဖိုဇာတ်၀င်ခန်းတွေနဲ့အတူ ကြည့်ရှုကြရမှာဖြစ်ပါတယ်။