ကြမ်းပေ့ယမ်းပေ့ဆိုတဲ့ အက်ရှင်ကားကိုမှ အသုံးအနှုန်းခပ်ကြမ်းကြမ်း၊ သွေးထွက်သံယိုများများ R ratedမှကြည့်ချင်ပါတယ်ဆိုတဲ့CMပရိတ်သတ်တွေအတွက် တကယ်ကြမ်းတဲ့Crime Actionကားတစ်ကားကိုမိတ်ဆက်ပေးလိုက်ပါပြီအဓိကဇာတ်လိုက်နှစ်ယောက်ကိုက Angle Has Fallen triologyနဲ့ 300လိုတကယ့်ကောင်းပေ့ညွန့်ပေ့ဆိုတဲ့အက်ရှင်ကားတွေမှာ ခေါင်းဆောင်ပါဝင်ထားတဲ့ Gerard Butlerနဲ့ Purge franchiseလိုတကယ့်သွေးထွက်သံယိုကားတွေကိုပဲရိုက်ကူးထားတဲ့ Frank Grilloဆိုတာနဲ့တင်ဒီဇာတ်လမ်းရဲ့အက်ရှင်တွေဘယ်လောက်ကြမ်းမလဲဆိုတာ မှန်းကြည့်လို့ရပါတယ်ဂိမ်းပရိုဂရမ်ရေးသားသူတဖြစ်လဲ ဒိတ်ဒိတ်ကြဲသူဌေးတွေကိုမှညာစားတဲ့ Teddy Murrettoဟာ တစ်ချိန်မှာတော့ညာမိတဲ့သူဌေး အရွေးမှားပြီး Hitmanပေါင်းများစွာရဲ့ အမဲလိုက်ခြင်းကို ခံရပါတော့တယ်ပြေးလို့မလွတ်နိုင်မှန်းသိတဲ့နောက် Gun Creekမြို့လေးကိုအရောက်မှာတော့ မြို့ကရဲမေအရာရှိ Valerie Younကိုအသားလွတ်ဆွဲထိုးကာ ထောင်နန်းစံပြီး ကြေးစားသမားတွေရန်ကနေ လွတ်အောင်ကြံပါတော့တယ်ဖြစ်ချင်တော့ Hitmanတွေထဲကတစ်ယောက်ဖြစ်တဲ့ Viddickက Teddyကိုခြေရာခံမိသွားတဲ့အတွက်သူကပါ အရက်မူးသမားအယောင်ဆောင်၊ ရဲကားကို ကားနဲ့ဝင်တိုက်ပြီး Teddyရှိရာအချုပ်ခန်းဆီကို ထပ်ကြပ်မကွာလိုက်ပါလာခဲ့ပါတယ်ဒါပေမဲ့ Teddyကိုအသေရရ အရှင်ရရအမဲဖျက်ချင်နေတဲ့ Hitmaက တစ်ယောက်နှစ်ယောက်မဟုတ်တဲ့အခါ Gun Creekမြို့လေးကိုတခြားကြေးစားလူသတ်သမားတွေပါ လိုက်လာတဲ့အခါ…..Teddyတစ်ယောက် Hitmanပေါင်းသောင်းခြောက်ထောင်ရန်ကနေလွတ်နိုင်ပါ့မလား၊သူရဲ့နောက်ကြောင်းဇာတ်လမ်းကရော ဘယ်လိုများဖြစ်မလဲ၊Viddickကရော သူ့ရဲ့တာဝန်ကို အပြီးသတ်နိုင်မှာလား၊ သူနဲ့အိုးစားခွက်လုဖက်တွေကြားထဲကနေTeddyကို ဘယ်လအောင်သတ်မလဲ၊ မဆီမဆိုင် ပဲလှော်ကြားဆားညပ်သွားတဲ့ရဲမေ Valarieကရော ဘယ်လောက်အထိ အရေးပါနေမလဲဆိုတာကိုဇာတ်လမ်းအစအဆုံး Tempoကိုတစ်စက်လေးမှမချပဲ Non-stop actionအပြည့်နဲ့ကြည့်ရှုခံစားရမှာပါ၊အက်ရှင်ကားဆိုပေမယ့် IMDb 6.6နဲ့ Rotten Tomatoes 81%တောင်ရထားတာဖြစ်လို့အချိန်၂နာရီနီးပါးပေးကြည့်ဖို့ တကယ်တန်ကြောင်း ညွန်းဆိုပါရစေ၊ဇာတ်လမ်းကတော့ “R ratedဖြစ်တဲ့အတွက် မိသားစုနဲ့အတူကြည့်ဖို့ သိပ်မသင့်တော်ပါဘူး