A Knight's War FHD

A Knight's War

Action Fantasy Horror FHD 2025-02-07 5.1 103 Min

ဒီဇာတ်ကားလေးကတော့ ဒါရိုက်တာ Matthew Ninaberရိုက်ကူးထားတဲ့ Fantasy Horror ဇာတ်ကားအမျိုးအစားဖြစ်ပြီးတော့ ၂၀၂၅ ခုနှစ်တုန်းက ထွက်ရှိထားတာပါ။Dark Souls ဗီဒီယိုဂိမ်းတွေနဲ့Dungeons & Dragons ဂိမ်းရဲ့ဇာတ်လမ်းနောက်ခံကို inspire ယူထားတာဖြစ်ပြီးတော့အဓိကဇာတ်ဆောင်တွေအဖြစ် Jeremy Ninaber,Kristen Kaster, Shane Nicely စတဲ့သရုပ်ဆောင်တွေကပါဝင်ပေးထားပါတယ်ဇာတ်လမ်းအကျဉ်းကိုပြောပြရရင် ကမ္ဘာလောကကြီးကိုကယ်တင်လိမ့်မယ်ဆိုပြီးတော့ ရှေးဖြစ်နိမိတ်ရှိထားတဲ့Avalon ဆိုတဲ့မိန်းကလေးကို Bhodie ဆိုတဲ့ မြင်းစီးသူရဲကောင်းက ငရဲပြည်ကနေ ကယ်တင်ပုံကိုကြည့်ရှုကြရမှာပါ။ ငရဲပြည်ကနေလွတ်ဖို့အတွက်ဆိုရင် ကျောက်တုံးသုံးတုံးကို စုဆောင်းရမှာဖြစ်ပြီးတော့ အဲဒီကျောက်တုံးတွေကို ငရဲပြည်ရဲ့အရှင်သခင်သုံးပါးက သိမ်းထားပါတယ်။ဒီလိုနဲ့ သူတို့နှစ်ယောက်လူ့လောကကိုပြန်ဖို့အတွက်ကျောက်တုံးတွေကို ဘယ်လိုရအောင်ယူကြမလဲ….လှည့်စားမှုတွေ သစ္စာဖောက်မှုတွေကြားကနေ ဘယ်လိုရုန်းကန်ကြမလဲ စတဲ့မေးခွန်းတွေရဲ့အဖြေကိုဒီဇာတ်ကားထဲမှာကြည့်ရှုလိုက်ပါ။ဥရောပအလယ်ခေတ်ကာလကို နောက်ခံယူထားတာဖြစ်ပြီးတော့ဇာတ်လမ်းက စိတ်ဝင်စားဖို့ကောင်းပြီး ဇာတ်အလှည့်အပြောင်းတွေနဲ့အတူ ကြည့်လို့ကောင်းတဲ့စိတ်ကူးယဉ်ဆန်ဆန်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။