The Karate Kid FHD

The Karate Kid

Action Drama Family Adventure FHD 2010-06-10 6.543 140 Min

ဒရေးပါကာ တို့မိသားစုဟာ တရုတ်ကိုပြောင်းရွေ့လာတဲ့အမေရိကန်မိသားစုပဲဖြစ်ပါတယ်..ပတ်ဝန်းကျင်အသစ်.ဘာသာစကားအခက်အခဲများစွာကြုံတွေ့နေရပါတယ်..မစ္စတာဟန်ကတော့ သူတို့နေတဲ့တိုက်ခန်းရဲ့ အောက်နားမှာနေပြီး အင်္ဂလိပ်စကားကောင်းကောင်းမွန်မွန်ပြောနိုင်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်ရောက်ရောက်ချင်းနေ့မှာပဲဒရေကကောင်မလေးတစ်ယောက်နဲ့သူငယ်ချင်းဖြစ်ချင်လို့မိတ်ဆက်စကားပြောနေတာကို လူငယ်တစ်စုကဝင်ပြီးသောင်းကျန်းပါတယ်..ဘာအကြောင်းမှမသိသေးပဲ ကွန်ဖူးလည်းမတတ်တဲ့ဒရေ တစ်ယောက်တော်တေ်ာအထိုးခံလိုက်ရပါတယ်..ဒီလိုနဲ့အကြိမ်ကြိမ်အခါခါ ပြသနာတွေတက်..ဒရေကလည်းမကျေနပ်တာနဲ့ တစ်ရက် ကျောင်းက ပွဲတော်တခုမှာ သိုင်းလေ့ကျင့်နေတဲ့ အဲ့ဒီကောင်လေးတို့တစုကိုရေနဲ့လောင်းပြီးထွက်ပြေးပါတော့တယ်..မိသွားလို့ ဝိုင်းထိုးကြိတ်နေတဲ့အချိန်မှာ မစ္စတာဟန် (ဂျက်ကီချန်း)ရောက်လာပြီး ကလေးတွေကိုပြန်ဖို့ပြောပါတယ်..မစ္စတာဟန်ကိုပါဝိုင်းထိုးကြလို့ပြန်တိုက်ခိုက်လိုက်ပါတယ်ပြီးတော့မှ ဒရေသိလာရတာက ထိုလူငယ်အုပ်စုက နဂါးနီ သိုင်းသင်တန်းကျောင်းက အတော်ဆုံးကလေးတွေဆိုတာပါပဲ..နဂါးနီသင်တန်းကျောင်းဆရာ နဲ့ မစ္စတာဟန် တို့ထိုကိစ္စအတွက်ကြောင့်ကတောက်ကဆ ဖြစ်ပြီး သိုင်းပြိုင်ဖို့လုပ်ကြပေမယ့် မစ္စတာဟန်က မတိုက်ခိုက်ချင်ပါဘူး…သူ့ရဲ့သင်တန်းသားတွေကို ဒရေကို မနှောက်ယှက်ဖို့ပြောခိုင်းပြီး လာမယ့်လူငယ်သိုင်းပြိုင်ပွဲမှာဒရေ လာရောက်ယှဉ်ပြိုင်မယ်လို့ ပြောခဲ့ပါတယ်…..အဲ့ဒီ့နောက်မှာတော့ မစ္စတာဟန်ဟာဒရေကိုကွန်ဖူးပညာတွေစတင်သင်ပေးပါတော့တယ်….