Netflix ရဲ့ White Tiger ရုပ်ရှင်ထဲမှာ ဇာတ်လိုက်နေရာကသရုပ်ဆောင်ခဲ့တဲ မင်းသား အာဒါ့ရှ်ဂေါ်ရပ်ဗ်ရဲ့ အသစ်ထွက်ရှိထားတဲ့ခေတ်ဟောင်းဆန်ဆန် ရုပ်ရှင်ကားလေးကို တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်လေးဟာဆိုရင် ၉၀ ခုနှစ်တွေမှာ ဇာတ်အိမ်တည်ထားပြီး IMDb တိုခရမ်းချဉ်သီးတိုမှာလည်း rating ကောင်းတွေ ရရှိထားပါတယ်။ဇာတ်လမ်းကတော့ ၁၉၉၀ ခုနှစ်တွေတုန်းက အိန္ဒိယနိုင်ငံတဝှမ်းမှာ ရုပ်ရှင်ရုံတွေခေတ်စားခဲ့သလို နယ်မြိုတွေမှာလည်း ဗွီဒီယိုရုံတွေ ခေတ်စားခဲ့ပါတယ်။နာဆီရ်ဆိုတဲ့လူငယ်လေးဟာ အိန္ဒိယနိုင်ငံမြောက်ပိုင်းက မာလေဂွန်ဆိုတဲ့မြိုလေးမှာဗွီဒီယိုရုံတစ်ခုဖွင့်ထားပြီး မင်္ဂလာပွဲတွေ၊ မွေးနေ့ပွဲတွေမှာ ဓာတ်ပုံ၊ဗွီဒီယိုလိုက်ရိုက်နေတဲ့ အချိန်ပိုင်း ဓာတ်ပုံဆရာလည်းဖြစ်ပါတယ်။ဒါပေမဲ့ နာဆီရ်ရဲ့ ဗွီဒီယိုရုံမှာပြတဲ့ ရုပ်ရှင်ကားတွေက သမားရိုးကျအိန္ဒိယရုပ်ရှင်တွေမဟုတ်ဘဲ ဝာရုဝာ်သိုင်းကားတွေ၊ ချာလီချက်ပလင်လိုဟောလီးဝုဒ်ကားတွေဖြစ်နေတဲ့အတွက် တခြားရုံတွေလိုရုံမပြည့်ဘဲ ကြည့်တဲ့သူနည်းပါးနေပါတယ်။အဲဒီလို ဗွီဒီယိုရုံ လူဝင်နည်းတာကြောင့် အစ်ကိုဖြစ်သူရဲ့ အညှော်ခံနေရတဲ့ နာဆီရ်ဟာသူ မြိုကနေသင်လာတဲ့ ဖြတ်ညှပ်ကပ်နည်းလမ်းကိုသုံးပြီး ရုပ်ရှင် ၄ ကားလောက်က ကောင်းခန်းတွေကိုဖြတ်ဆက်ကာ ၄ ကား ၁ ကား ပြကြည့်တဲ့အခါမှာတော့ လူတွေအကြိုက်တွေ့ကြပြီး သူ့ဗွီဒီယိုရုံလည်း လူတွေပြန်ဝင်၊ အောင်မြင်လာခဲ့ပါတယ်။ဒါပေမဲ့ အဲဒီလိုအောင်မြင်တာတွေကို မရှုစိမ့်တဲ့ ပြိုင်ဘက်ရုံတွေက ချွန်လိုက်တဲ့အတွက်ဖြတ်ညှပ်ကပ် ခိုးကူးလုပ်တယ်ဆိုပြီး သူ့ရဲ့ဗွီဒီယိုရုံကို ရဲတွေဝင်မွှေသွားတဲ့အခါမှာတော့မဟုတ်မခံစိတ်ရှိသူတစ်ယောက်ဖြစ်တဲ့ နာဆီရ်ဟာ ငါ့ဘာသာရုပ်ရှင်ရိုက်ပြီးငါ့ရုံမှာတင်ရင် ဘယ်ကောင့်မှကြောက်စရာမလိုဘူးလိုကြုံးဝါးကာရုပ်ရှင်ပညာကို ကိုယ်တိုင်လေ့လာပြီး မြိုခံသူငယ်ချင်းတွေရဲ့အကူအညီနဲ့သူတိုမြိုလေးရဲ့ ပထမဆုံးရုပ်ရှင်ကား ရိုက်ကူးဖိုကြိုးစားတဲ့အခါမှာတော့..သူ့ရဲ့အစီအစဉ် အောင်မြင်မလား၊ ဘာတွေဆက်ဖြစ်မလဲဆိုတာတွေကိုဒီရုပ်ရှင်လေးထဲမှာ စိတ်အားတက်ကြွဖွယ် မြင်တွေ့ကြရမှာပဲဖြစ်ပါတယ်…။