နွေရာသီတစ်ခုမှာ ဆင်ဂယ်ဖခင်တစ်ယောက်ဖြစ်တဲ့ ဘာဘီးစ် ဆယ်ကျော်သက်သားနဲ့သမီးတို့ပါဝင်တဲ့ မိသားစုသုံးယောက်ဟာပိုရိုစ်ကျွန်းပေါ်ကို အားလပ်ရက်ခရီးထွက်ခဲ့ကြပါတယ်။ရေတွေကူးရင်းနေဆာလှုံရင်း ငါးတွေဖမ်းရင်း တွေ့ဆုံရင်းနှီးသွားတဲ့မိသားစုတစ်ခုမှာ သူတို့ရဲ့မွေးမိခင်အရင်းပါဝင်နေတယ်ဆိုတာကိုတော့ သူတို့မသိခဲ့ကြပါဘူး။ဒီတွေ့ဆုံမှုဟာ သူတို့ဖခင် ဘာဘီးစ်ရဲ့နှစ်ပေါင်းများစွာမျိုသိပ်ထားတဲ့ အမုန်းတွေ၊ချိုးနှိမ်ထားတဲ့ မကျေနပ်ချက်တွေ၊ ရုန်းကြွလာဖို့အစပျိုးလာတဲ့အခါ အေဆေးငြိမ်သက်နေတဲ့ သူတို့ဘ၀တွေထဲဘယ်လိုဂယက်ရိုက်မှုတွေရှိလာမလဲဆိုတာကိုတွေ့မြင်ကြရပါလိမ့်မယ်။ဒရာမာဆိုပေမယ့် ပါးပါးလေးညှပ်ထားတဲ့ဟာသတွေ၊ နွေရာသီရဲ့ရှုခင်းလှလှတွေနဲ့၊cinematography အမိုက်စားတွေနဲ့တွေ့မြင်ရမယ့်နွေရာသီမိသားစုဒရာမာကားကောင်းလေးတစ်ကားဖြစ်ပါတယ်။