Vikramadithyan HD

Vikramadithyan

Comedy Drama HD 2014-07-25 6.6 143 Min

Lucky Baskar ဇာတ်ကားထဲက မင်းသား Dulquer Salmaan ရဲ့2014ခုနှစ်တုန်းက ထွက်ရှိထားတဲ့ ဇာတ်ကားဟာင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ကွန်ဂျွန်နီမီနွန်ဆိုတဲ့ သူခိုးတစ်ယောက်ဟာ လက်ရှ်မီးဆိုတဲ့ ရဲမေလေးကိုမြင်မြင်ချင်း သဘောကျသွားပါတယ်။ဖြစ်ချင်တော့ လက်ရှ်မီးတို့အိမ်ကလည်း သူ့အတွက် အိမ်ထောင်ဖက်ရှာနေချိန်ဖြစ်နေပြီးလက်ရှ်မီးကလည်း သူကိုယ်တိုင် ရဲမေဖြစ်တဲ့အပြင် အိမ်ထောင်ဖက်ကိုလည်းရဲပဲဖြစ်စေချင်နေပါတယ်။ဒီလိုနဲ့ သူခိုးကြီး ကွန်ဂျွန်နီမီနွန်တစ်ယောက် ရဲယောင်ဆောင်ရင်းလက်ရှ်မီးအနားကို ချဉ်းကပ်လာခဲ့ပါတော့တယ်။ဒီလိုနဲ့ ချစ်သူတွေဖြစ်ခဲ့ကြပြီး လက်ထပ်ဖို့အထိ ဖြစ်လာပါတော့တယ်။လက်ထပ်ပြီးတဲ့အချိန်မှ လက်ရှ်မီးတစ်ယောက်သူ့ခင်ပွန်းဟာ ရဲမဟုတ်ဘဲ သူခိုးတစ်ယောက်ဆိုတာကို သိလာတဲ့အခါမှာတော့ ……….ဘာတွေဘယ်လိုဆက်ဖြစ်မလဲဆိုတာကို ဆက်လက်ရှုစားပေးကြပါဦး။