Laxmi Kataksham HD

Laxmi Kataksham

Comedy Drama HD 2024-05-10 8.3 148 Min

အိန္ဒိယရုပ်ရှင်ဖန်တို့ ပေါ့ပေါ့ပါးပါးနဲ့ အပျင်းပြေရှုစားလို့ရမဲ့တလေဂူးဟာသအက်ရှင်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။လွှတ်တော်အမတ်ဖြစ်ဖို့အရေး ဆယ့်ငါးနှစ်တိုင်တိုင်လွှတ်တော်အမတ်ဘေးမှာ အရာခပ်သိမ်းလိုက်လုပ်ပေးနေတဲ့ ဒါမာ။သူပြီးရင် အမတ်နေရာကို ဒါမာ့ဆီ လွှဲပေးခဲ့မယ်ဆိုတဲ့လွှတ်တော်အမတ်ရဲ့စကားကြောင့် အမျှော်လင့်ကြီးမျှော်လင့်ရင်းလွှတ်တော်အမတ်နှလုံးဖောက်တိုင်း သေဖို့ အကြိမ်ကြိမ်ဆုတောင်းပေမဲ့မှန်းချက်နဲ့နှမ်းထွက်မကိုက်ခဲ့တဲ့ ဒါမာ။သုံးကြိမ်မြောက်နှလုံးဖောက်တဲ့အချိန် အမတ်ဖြစ်ဖို့သေချာပြီဟဲ့ဆိုမှ အနှောင့်အယှက်ကဝင်လာပြန်ပါရော။ဒါတင်မက ခြောက်လဆိုင်းငံ့ခံရတဲ့ ရဲအရာရှိအာဂျွန်ကလည်းဒါမာရဲ့ အမတ်ဖြစ်ရေးလမ်းကြောင်းထဲမှာကန့်လန့်ကြီးဝင်လာတဲ့အခါမှာတော့…။