သည်းထိတ်ရင်ဖို ဒရမ်မာ ပရိသတ်တို့အတွက် မှုခင်းဇာတ်လမ်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ရက်ရှန်က အခုမှအိမ်ထောင်ကျပြီးတဲ့ သတို့သားအသစ်လေးပေါ့။ သူ့မိန်းမနဲ့ပျားရည်ဆမ်းခရီးထွက်မယ်ဆိုပြီးကျေးလက်တောရွာ ရှုခင်းလေးတွေရှိမယ့် အပန်းဖြေစံအိမ်တစ်ခုကို စီစဉ်ထားပါတယ်။သူတို့ရောက်လို့မှ မကြာသေးပါဘူး ရက်ရှန်ဟာ ရှော့ခ်ရလောက်စရာ လူသတ်မှုမြင်ကွင်းကိုတွေ့မြင်လိုက်ရပါတော့တယ်။ ကောင်မလေးတစ်ယောက်ကိုသတ်ပြီး အပန်းဖြေအိမ်ရာဝင်းထဲ စွန့်ပစ်ထားခဲ့တာပါ။အဲဒီလိုနဲ့ ရဲတွေရောက်လာပြီး အမှုကိုစုံစမ်းစစ်ဆေးပါတော့တယ်။စုံစမ်းထောက်လှမ်းရင်း ဖုံးကွယ်ထားတဲ့လျှို့ဝှက်ချက်တွေပါ ပေါ်ပေါက်လာတဲ့အခါမှာတော့……………ရက်ရှန်ကရော ဒီအမှုနဲ့ဘယ်လိုပါဝင်ပတ်သတ်သွားရတာလဲ၊ လူသတ်မှုကရောဘာလဲ၊ အပန်းဖြေစံအိမ်နဲ့ အမှုအခင်းနဲ့ ဘာတွေ ဆက်စပ်နေမလဲဆိုတာ ခံစားကြည့်ရှု အဖြေထုတ်ကြည့်ကြရအောင်ပါ။