အခုတစ်ခေါက် ပရိသတ်တွေအတွက် Angel of Beggars ဆိုတဲ့ရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့-ပါးထျန်းဟူဟာ ဆပ်ကပ်သရုပ်ဆောင်ခေါ်တယ်ဆိုပြီး ရွာထဲက ကလေး ၉ ယောက်ကိုမိဘတွေ လက်ထဲက ခေါ်သွားပြီး ကလေးတွေကို တောင်းစားခိုင်းပါတယ်။လူဝါတန်းဆိုတဲ့ ကလေးဟာ မာနထားပြီး တောင်းရမ်းဖို့ ငြင်းတဲ့အခါပါးထျန်ဟူက ရိုက်နက်ခဲ့ပြီး လက်လွန်ကာ သေဆုံးသွားခဲ့ပါတယ်။လူဝါတန်းရဲ့ အလောင်းကို ဆေးရုံက ပြန်သွားလုတဲ့အတွက်သူတို့ဒုစရိုက်မှုက ပေါ်သွားခဲ့ပြီး ကလေးတွေကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။ယောကျာ်းဖြစ်သူနဲ့ သမီးကို ဆုံးရှုံးခဲ့ရတဲ့ စိတ်ကျန်းမာရေးဆရာမ လင်လန်ဟာကယ်တင်ခံရတဲ့ ကလေးတွေနဲ့အတူ ရွာမူလတန်းကျောင်းကို ပြန်ရောက်လာခဲ့ပြီးသူတို့အတွက် စိတ်ကျန်းမာရေးဥယျာဉ်တစ်ခုကို တည်ဆောက်ပေးခဲ့ပါတယ်။စိတ်ဒဏ်ရာတွေ ပြည့်နေတဲ့ လူကြီးရော ကလေးရောအပြန်အလှန်ကုစားကြမဲ့ ရုပ်ရှင်လေးကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။