ဇာတ်လမ်းဇာတ်အိမ်ဆန်းဆန်းနဲ့ တေလေဂူးစကားပြော သည်းထိတ်ရင်ဖိုရုပ်ရှင်တစ်ခုကိုပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအစမှာတော့ ဝတ်ချ်မန်းထဲက ရောရှက်လိုဒီဇိုင်းနဲ့လူတစ်ယောက်ကဗာဆူဒေ့ဗ်လို့ခေါ်တဲ့ စာပို့သမားကိုဖမ်းထားပြီး ထူးဆန်းတဲ့မေးခွန်းတွေမေးနေပါတယ်။ဗာဆူဒေ့ဗ်ဟာ အတိတ်မေ့နေတာဖြစ်ပြီး ဘာကိုမှလည်း မမှတ်မိသလို သူဘယ်ရောက်နေလဲဆိုတာလည်းမသိပါဘူးဒါပေမဲ့ ရောရှက်ဒီဇိုင်းနဲ့လူက အိပ်ငွေ့ချလို့ရတဲ့နာရီတစ်လုံးနဲ့ ဗာဆူဒေ့ဗ်ကို အိပ်ငွေ့ချပြီးမေးခွန်းတွေမေးတဲ့အခါမှာတော့ ဗာဆူဒေ့ဗ်တစ်ယာက် ဘယ်လိုအဖမ်းခံထားရတယ်၊သူ ဘာတွေကြုံတွေ့ခဲ့ရတယ်၊ ပြီးတော့ သူ့ကိုဖမ်းထားသူတွေက ဘယ်သူတွေဖြစ်တယ်ဆိုတာကိုဒီရုပ်ရှင်ထဲမှာ စိတ်ဝင်စားဖွယ်မြင်တွေ့ကြရမှာပဲဖြစ်ပါတယ်…။