Chhaava HD

Chhaava

Action Drama History HD 2025-02-14 7.235 161 Min

ဘတ်ဂျက် ရူပီး သန်းထောင့်လေးရာဝန်းကျင်သုံးခဲ့ပြီး Box officeမှာရူပီးသန်းရှစ်ထောင်လောက် ပြန်ရခဲ့တဲ့ အိန္ဒိယနန်းတွင်း ရုံတင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။2025ခုနှစ်ရဲ့ လောလောဆယ်ထွက်ရှိထားတဲ့အိန္ဒိယရုပ်ရှင်တွေမှာဝင်ငွေအကောင်းဆုံးရုပ်ရှင်ဆိုလည်း မမှားဘူးပေါ့။မင်းသားက ဗစ်ကီ မင်းသမီးက ရာ့ရှ်မီးကားတို့ အဓိကပါဝင်ထားကြပါတယ်။ကမ္ဘာကြီးရဲ့ တခြားဘက်ခြမ်းမှာ လူသားတွေ အသက်ရှင်သန်ဖို့အရေး တိုက်ခိုက်နေကြတုန်းမှာအိန္ဒိယမှာတော့ ဘာသာတရားပေါင်းစုံ ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်တဲ့ ယဉ်ကျေးမှုတစ်ရပ် ထွန်းကားလို့နေခဲ့ပါတယ်။ဒါပေမဲ့ ၁၆ရာစု ပါနီပတ်တိုက်ပွဲအပြီးမှာ မူဂယ်အင်ပါယာရဲ့အလံဟာ ဒေလီထီးနန်းမှာလွှင့်ထူခဲ့ချိန်ရှိခဲ့ဖူးတဲ့ ငြိမ်းချမ်းမှုကလည်း ပျက်သုန်းခဲ့ရပါတော့တယ်။ရာစုနှစ်နဲ့ချီပြီး မူဂယ်အင်ပါယာကို အနိုင်တိုက်နိုင်တဲ့သူမရှိဘဲအချိန်အကြာကြီး မင်းဆိုးမင်းညစ်မူဂယ်ဘုရင်တွေရဲ့ရက်စက်ယုတ်မာတဲ့ အမှောင်ခေတ်မှာ ရှင်သန်ခဲ့ကြရတာပေါ့။မကောင်းမှုတွေ ဆိုးယုတ်မှုတွေ မြင့်တက်လာတဲ့အခါတိုင်းမှာအဲဒီအရာတွေကနေ ကာကွယ်မဲ့သူက မွေးဖွားလာစမြဲမို့ချက်တရာပါတီရှီဝါဂျီမဟာရာ့ဂျ်ဆိုတဲ့ မင်းကောင်းမင်းမြတ်တစ်ပါး ပေါ်ထွက်လာခဲ့ပါတယ်။မူဂယ်တွေ ရှီဝါဂျီကို ဘယ်လိုမှ မသုတ်သင်မရှင်းလင်းနိုင်ခဲ့ပေမဲ့ တစ်နေ့မှာတော့ရှီဝါဂျီ ဘ၀တစ်ပါးကူးပြောင်းသွားပြီဆိုတဲ့သတင်းနဲ့အတူမူဂယ်အင်ပါယာကို ပြန်လည်ချဲ့ထွင်ဖို့ ကြိုးစားပါတော့တယ်။ဒီမှာပဲ မူဂယ်အင်ပါယာကို ပြန်လည်တိုက်ခိုက်ဖို့ သူရဲကောင်းတစ်ယောက် ထွက်ပေါ်လာချိန်မှာတော့…။