Adrift HD

Adrift

Thriller Adventure Romance HD 2018-05-31 6.841 96 Min

‌Adrift ( မျောပါခြင်း) ဆိုတဲ့ သည်းထိတ်ရင်ဖိုဒီဇာတ်ကားက ၁၉၈၃ ခုနှစ်က ပင်လယ်ကိုအပျော်ခရီးထွက်ရင်းမတော်တဆလှေမောက်သွားတဲ့ ချစ်သူနှစ်ဦးရဲ့ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာပါ။Me Before You မင်းသား Sam Claflin နဲ့ The Fault in Our Stars မင်းသမီး Shailene Woodley တို့လိုနာမည်ကြီးတွေပါဝင်ထားပါတယ်။တစ်ကားလုံးပေါင်းမှ ဇာတ်ကောင်၅ဦးပဲပါပါတယ်သမုဒ္ဒရာရေပြင်နဲ့ ရှုခင်းတွေက ကြည့်ရတဲ့သူတဲ့စိတ်ကို တကယ် အေးချမ်းစေပြီး ဇာတ်လမ်းကတော့ ရင်မောစရာအပြည့်နဲ့ပါ။‌ဇာတ်လမ်းလေးကတော့ဒီလိုရှင့်…‌ကောင်မလေးက ကယ်လီဖိုးနီးယာပြည်နယ် စန်ဒီရေးဂိုမြို့ကနေ ကောင်လေးနေတဲ့ တာဟစ်တီဆိပ်ကမ်းမြို့လေးက သင်္ဘောပေါ်မှာအလုပ်လုပ်ဖို့ရောက်လာပါတယ်‌နောက်တော့ ကောင်လေးနဲ့တွေ့ပြီး သူ့လှေပေါ်မှာညစာလာစားဖို့ဖိတ်ခေါ်လိုက်ပါတယ်အဲ့ညမှာပဲ ချစ်သူတွေဖြစ်ရာကနေ ကောင်မလေးက ပင်လယ်မှာရွက်လွှင့်သွားရတာကြိုက်မှန်းသိလို့ ကောင်လေးက တစ်ကမ္ဘာလုံးကိုရွက်လွှင့်ပြီးလိုက်ပြဖို့ခွင့်တောင်းပါတယ်နောက်နေ့မှာတော့ ချစ်သူနှစ်ဦး အပျော်စီးလှေလေးနဲ့ ပစိဖိတ်သမုဒ္ဒရာကြီးကို ဖြတ်ပြီးရွက်လွှင့်ကြပါတော့တယ်…‌ဒီလိုနဲ့ရွက်လွှင့်ရင်းကနေ ပစိဖိတ်သမုဒ္ဒရာအလယ်မှာ အားပြင်းပြင်းနဲ့ဝင်ရောက်တိုက်ခတ်လာတဲ့ လေမုန်တိုင်းတစ်ခုမိသွားတဲ့အခါမှာတော့…ဖြစ်ရပ်မှန်ဆိုတဲ့အတိုင်း ခက်ခဲကြမ်းတမ်းတဲ့ လူသားတို့ရဲ့ဘဝကြီးတခုကို ခံစားထိတွေ့ရမှာပါ….‌ဇာတ်ကားရဲ့အဆုံးသတ်မှာ ပရိတ်သတ်တွေ ”ဟာ”ကနဲဖြစ်သွားစေမယ့် အလှည့်အပြောင်းတခုကလဲစောင့်လို့ကြိုနေပါကြောင်း ညွှန်းဆိုလိုက်ရပါတယ်ရှင်။