စစ်ပြန် စစ်သူရဲကောင်းအဖြစ်ကနေ သမ္မတဖြစ်လာတဲ့ ဒန်နီရယ်ဆက်တန်ဟာ တောင်အာဖရိကမှာ ဂျီ-၂၀ အစည်းအဝေးတက်ဖို့ သွားခဲ့ပါတယ်။ အဲဒီမှာပဲ အကြမ်းဖက်တစ်ဖွဲ့က ပိပိရိရိ ဝင်စီးပြီး ခေါင်းဆောင်၂၀ လုံးကို ဓားစာခံအဖြစ် ဖမ်းပါတော့တယ်။ အကြံကတော့ ကမ္ဘာ့ငွေကြေးဈေးကွက်ကို ဖျက်ပြီး ခရစ်ပတိုတွေနဲ့ ဘီလီယံနာ လုပ်ဖို့ပါပဲ။နိုင်ငံခေါင်းဆောင်အကုန်ပါနေတော့ အပြင်ကကယ်ဆယ်ရေးတွေကလည်း အထဲကို ဝင်စီးဖို့ အရမ်းတွန့်နေရပါတယ်။ ဒါပေမဲ့ စစ်ပြန်ဖြစ်နေတဲ့ အမေရိကန် သမ္မတက ရုပ်ရှင်ထဲမှာတော့ စောင်ပေါမဟုတ်ဘဲ လွတ်သွားပြီး အခြားဝန်ကြီးချုပ်တွေသမ္မတတွေကို ပြန်ကယ်တဲ့ဇာတ်လမ်းပါပဲ။ ဖြစ်နိုင်မဖြစ်နိုင်တော့ မမေးပါနဲ့ ပစ်တာခတ်တာချတာ ကောင်းကောင်းကြည့်ချင်ရင် ကြည့်လို့ရပါတယ်။