The Monster HD

The Monster

Comedy HD 1994-10-22 7 112 Min

လောရစ်စ်က ကုန်တိုက်ကြီးတစ်ခုအတွက် လူရုပ်တွေနေရာချသယ်ပို့ရတဲ့အချိန်ပိုင်းအလုပ်တစ်ခုလုပ်ပြီးတော့လက်ထောက်မန်နေဂျာရာထူးရဖို့အတွက် တရုတ်စာလည်းသင်နေပါတယ်။လက်ရှိမှာတော့ ဘိုင်ကျနေတဲ့အတွက် သူ့အိမ်ခန်းငှားခမပေးနိုင်တာကြာပြီဖြစ်သလိုမြို့မှာလည်း တစ်ခြား ကြွေးရှင်တွေမနည်းတဲ့အတွက် အမြဲတမ်းရှောင်ပုန်းနေရတတ်ပါတယ်။အဲ့ဒီအချိန်မှာပဲ သူတို့မြို့မှာ အလွန်ကြောက်စရာကောင်းပြီး မိန်းမတွေကိုမှရွေးသတ်တတ်တဲ့ကွင်းဆက်လူသတ်သမားတစ်ယောက်သောင်းကျန်းနေပြီး ရဲတွေ စုံထောက်တွေခေါင်းခဲနေရတဲ့အနေအထားပါ။နဂိုကတည်းက အူကြောင်ကြောင် တလွဲတချော်တွေနဲ့လောရစ်စ်ဟာ အကြွေးရှင်တွေကိုပါ ရှောင်နေရတဲ့အတွက်ပုံမှန်ထက်ပိုထူးခြားနေတဲ့အချက်က သူ့ကိုရဲတွေရဲ့စက်ကွင်းထဲရောက်သွားစေပြီး ကွင်းဆက်လူသတ်သမားဟာ သူပဲလို့တစ်ထစ်ချယူဆခံလိုက်ရပါတော့တယ်။အဲ့ဒါကြောင့်ပဲ ရဲတပ်ဖွဲ့က ရဲမေလှလှလေးတစ်ယောက်ကို သူ့အခန်းထဲထိ သူလျှိုအဖြစ်လွှတ်ပြီးအနီးကပ်စုံစမ်းခိုင်းတဲ့အခါမှာတော့ လောရစ်စ်နဲ့ရဲမေလေးနဲ့ နောက်ကွယ်ကကြိုးကိုင်နေတဲ့ ရဲမှူးတွေ၊ ဆရာဝန်တွေကြားကအလွဲလွဲအချော်ချော်အမှားတွေနဲ့ တစ်ကားလုံးခွီနေရမယ့်ဇာတ်ကားပါ။