High Ground FHD

High Ground

Action Crime Thriller FHD 2025-03-17 5.156 92 Min

ဒီဇာတ်ကားလေးကတော့ ၂၀၂၅ ခုနှစ်တုန်းက ထွက်ရှိထားတဲ့Action Thriller ဇာတ်ကားတစ်ကားဖြစ်ပြီးတော့ဒါရိုက်တာ James Bamford က ရိုက်ကူးထားပါတယ်။အဓိကသရုပ်ဆောင်တွေအဖြစ် CharlieWeber,Katherine McNamara, မင်းသားကြီး Jon Voight တို့ကပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကိုပြောပြရရင် မြို့ငယ်လေးတစ်မြို့ရဲ့ရဲမှူးဟာတစ်နေ့မှာတော့လျှို့ဝှက်ဆန်းကြယ်လူတစ်ယောက်ကိုထိန်းသိမ်းခဲ့ပါတယ်။ ဖြစ်ချင်တော့ အဲဒီလူက ဒုစရိုက်အဖွဲ့တစ်ဖွဲ့ရဲ့လက်ကနေ ထွက်ပြေးလာတာဖြစ်ပြီးတော့ အဲဒီအဖွဲ့က သူ့ကိုလိုက်သတ်နေကြတာပါ။ဒီအကြောင်းကို ရဲမှူးသိသွားပြီးတဲ့နောက်သူ့မြို့လေးကို ကာကွယ်ဖို့အတွက် ဒုစရိုက်အဖွဲ့နဲ့ထိပ်တိုက်ရင်ဆိုင်ပါတော့တယ်။ သူတစ်ယောက်တည်းနဲ့ မြို့ကိုကာကွယ်ပေးနိုင်ပါ့မလားအဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့လူကရော ဘာလို့ထွက်ပြေးလာတာလဲ စတဲ့မေးခွန်းတွေရဲ့အဖြေကို သိချင်ရင်တော့ ဒီဇာတ်ကားကိုကြည့်ရှုလိုက်ပါ။စိတ်လှုပ်ရှားစရာ Action sceneတွေနဲ့ပြည့်နှက်နေပြီးတော့ကြည့်ရှုသူတွေကို သည်းထိပ်ရင်ဖိုဖြစ်စေမယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။