ဆာဒါလီဆိုတဲ့ကောင်လေးက သူ့ဇာတိမှာ မိဘတွေသဘောတူတဲ့ အာနာဇာဆိုတဲ့မိန်းကလေးကို သူပညာသွားသင်ပြီး ပြန်လာတဲ့အခါ လက်ထပ်ပါ့မယ်လို့ ကတိပြုခဲ့ပါတယ်။ဒါပေမဲ့လည်း ကြိုမမြင်နိုင်တဲ့ကံတရားလို့ပဲ ဆိုရမလား။သူပညာသွားသင်တဲ့နေရာက သူငှားနေတဲ့ အိမ်ပိုင်ရှင်ကလေးတစ်ယောက်အမေမယ်ရာဆိုတဲ့ အမျိုးသမီးကိုလည်း သဘောကျမိသွားခဲ့ပါတယ် .. ။ဒီလိုနဲ့ အကျပ်ရိုက်ရရင်းကနေ ဆာဒါလီတစ်ယောက် အိမ်ကသဘောတူထားတဲ့မိန်းကလေးကိုပဲယူမလား ..သူသဘောကျရတဲ့ မယ်ရာဆိုတဲ့ အမျိုးသမီးကိုပဲ ယူမလားဆိုတာကို ဒီကားလေးထဲမှာကြည့်ရှုကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။