အီဂျောင်အင်း(Oh Dal-su)ဟာ အတွေးအခေါ်ပညာရှင် ပါမောက္ခကြီးတစ်ဦးဖြစ်ပါတယ်..တစ်နေ့မှာတော့ ပါမောက္ခကြီးဟာ နယ်မြို့လေးမှာ ဇနီးသည်နှင့်အတူအေးအေးချမ်းချမ်းနေထိုင်လိုတာကြောင့် ကျောင်းကနေခွင့် တစ်နှစ်ယူပြီး နယ်ဘက်ကို ပြောင်းရွှေ့ခဲ့ပါတယ်.. ။အေးအေးချမ်းချမ်းနေချင်တဲ့ သူတို့လင်မယားရဲ့ဘဝလေးထဲကို ဝင်ရောက်နှောင့်ယှက်လာသူကတော့ ဘေးအိမ်မှာ နေထိုင်တဲ့ ဆရာဝန်ကြီး(Kim Hong-pa)ပါပဲ .. ။အဲဒီဆရာဝန်ကြီးဟာ ညနေ ၄ နာရီရောက်တိုင်း အိမ်ကိုရောက်လာပြီး စကားကို တိုတိုတုတ်တုတ်ပဲပြောကာ ၆နာရီ ထိုးတဲ့အထိ ငုတ်တုတ်ထိုင်နေခဲ့ပါတယ် ..တစ်ရက်နှစ်ရက်မကဘဲ နေ့တိုင်း ၄နာရီအတိမှာ အိမ်ကို အတင်းဝင်ရောက်လာပြီး၆နာရီအတိမှာ ဘာမှမပြောဘဲ ပြန်သွားတတ်တဲ့ ထိုဆရာဝန်ကြီးကြောင့် ပါမောက္ခကြီးလင်မယားဟာ စိတ်မွန်းကျပ်လာပြီး အိပ်မပျော်တဲ့ရောဂါအထိပါ စွဲကပ်လာပါတော့တယ် ..ပါမောက္ခကြီးလင်မယားက အဲဒီအိမ်ကလေးမှာအေးအေးချမ်းချမ်းနေသွားနိုင်ပါ့မလား ..၄နာရီအတိမှာရောက်လာတဲ့ အဲဒီဆရာဝန်ကြီးကရော သွေးရိုးသားရိုးဟုတ်ရဲ့လားဆိုတာကိုရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားလိုက်ကြရအောင်နော် .. ။