Mystery နဲ့ Thriller အမျိုးအစားဖြစ်တဲ့ Final Heistရုပ်ရှင်ကတော့ စော်အလန်းလေးတွေစုပြီးထောင်ဖောက်ကြမယ့်ကားဖြစ်ပါတယ်။ဝီလာဆိုတဲ့အမျိုးသမီးလေးဟာ သမီးငယ်လေးဆိုဖီယာနဲ့အတူ သီးခြားနေထိုင်လျက်ရှိရာကနေ တစ်ရက်မှာတော့ဆိုဖီယာတစ်ယောက် အကကနေရင်းမေ့လဲသွားတာကြောင့်ဖခင်ရဲ့နှလုံးတစ်ရှူးကိုရမှ ဆက်အသက်ရှင်နိုင်ဖို့ဖြစ်လာခဲ့ပါတယ်။ ဝီလာကသေသွားပြီလို့ဆိုထားတဲ့ ဆိုဖီယာရဲ့ဖခင်လိဗ့်က တကယ်တော့ ဘဏ်ဓားပြတိုက်မှုနဲ့ထောင်ကျနေပြီး ထောင်ပိုင်ရဲ့ယုတ်မာမှုကြောင့် သတိမေ့မြောနေလို့ရက်အနည်းငယ်အတွင်းသေဆုံးရတော့မှာဖြစ်ပါတယ်။တကယ်တော့ ဝီလာ ၊ လိဗ့်နဲ့သူငယ်ချင်းတစ်စုဟာ အတူတူဘဏ်ဓားပြတိုက်ခဲ့ကြတာဖြစ်ပြီး လိဗ့်အဖမ်းခံရပြီးတဲ့နောက်ဝီလာ၊ ဟေလီ၊ ဖလင်းနဲ့ ကန်ဇီတို့ကပိုက်ဆံတွေနဲ့ဇာတ်မြှုပ်နေထိုင်နေကြတာဖြစ်ပါတယ်။ဝီလာတစ်ယောက် ထောင်ပိုင်ကြောင့် လိဗ့်ရဲ့နှလုံးတစ်ရှူးကိုတရားဝင်နည်းလမ်းနဲ့မရနိုင်တဲ့အခါ ဘဏ်ဓားပြတိုက်ဖော်ဟောင်းတွေဖြစ်တဲ့ ဟေလီ၊ဖလင်းနဲ့ ကန်ဇီတို့ကိုပြန်ဆက်သွယ်ပြီးထောင်ဖောက်ဖို့အတူတကွကြိုးပမ်းကြပုံကို ကြည့်ရှုရမှာဖြစ်ပါတယ်။