Hide and Seek HD

Hide and Seek

Horror HD 2024-11-21 4.667 84 Min

ကလေးဆုံးရှုံးရလို့ သေဆုံးသွားပြီးတဲ့နောက်မှာ ကလေးကို စွဲလမ်းတဲ့စိတ်နဲ့ မကျွတ်မလွတ်ဖြစ်နေတဲ့ ဝိညာဥ်သရဲတစ်ကောင် ..မိသားစုက လျစ်လျူရှုခြင်းခံရတဲ့ ကလေးတွေကို သူ့ဆီပါလာအောင်ဆွယ် ..ကလေးတွေကြိုက်တာကျွေး ကလေးတွေနဲ့အတူတူဆော့ပေးဖို့အတွက် ပြန်ပေးဆွဲတတ်တဲ့ဝင်ဝင် ဂွမ်ဘယ်ဆိုတဲ့ အင်ဒိုသရဲအကြောင်းလေးကို တင်ဆက်ပေးချင်ပါတယ်။ဝင်ဝင် ဂွမ်ဘယ်ဟာ ကလေးတွေကို ခေါ်သွားပြီးလို့ ၃ရက်အကြာမှာတော့ ကလေးတွေရဲ့ဝိညာဉ်ကိုပါ နှုတ်ယူပြီး သူ့အနားခေါ်သွားတတ်တယ်ဆိုပြီး ဆိုရိုးရှိပါတယ် .. ။ရာမန်နဲ့ ဆာရီဆိုတဲ့ မောင်နှမနှစ်ယောက်ဟာ အမေဖြစ်သူနဲ့အတူတူ ပျော်ရွှင်စွာနေထိုင်နေပါတယ်။အမေဖြစ်သူဟာ ဖခင်မဲ့နေတဲ့ ကလေးနှစ်ယောက်ကို ပြုစုပျိုးထောင်ရင်းနဲ့ အလုပ်ကြိုးစားလုပ်ကိုင်နေရသူတစ်ယောက်ပေါ့။ သားဖြစ်သူ ရာမန်ကတော့ ကောလိပ်တက်နေပြီဖြစ်ပြီးတစ်နေ့မှာ ဖခင်ရဲ့နေရာကို လက်လွှဲယူမယ်ဆိုပြီး အမြဲပြောတတ်တဲ့သူတစ်ယောက်ပါ။ဆာရီလေးကတော့ ကလေးပီပီ အမြဲ ဆော့မယ် စားမယ်ပါပဲ။ဒီလိုနဲ့ တစ်နေ့မှာ ဆော့ကစားချင်နေတဲ့ ဆာရီလေးကိုမိခင်ဖြစ်သူက အပြင်မှာ သွားကစားဖို့လွှတ်လိုက်ပါတော့တယ် ..ဆာရီလေးဟာ သူငယ်ချင်းတွေနဲ့ တူတူပုန်းတမ်းဆော့နေရင်း အနားက အိမ်အိုကြီးထဲကိုဝင်ပုန်းရာကနေ ဝင်ဝင် ဂွမ်ဘယ်သရဲရဲ့ ခေါ်ဆောင်ခြင်းကို ခံလိုက်ရတဲ့အခါမှာတော့ ….ဘယ်လိုခြောက်လှန့်မှုမျိုးနဲ့အတူ ဘယ်လောက်အထိ ကြောက်စရာကောင်းမလဲဆိုတာကိုအတူတူ ဆက်လက်ကြည့်ရှုလိုက်ပါဦး……