ဒီဇာတ်လမ်းကတော့ Hallmark movie တွေရဲ့ ထုံးစံအတိုင်း ချစ်စရာကောင်းတဲ့ ဇာတ်အိမ်တွေနဲ့ rom-com ဇာတ်လမ်းလေးတစ်ပုဒ်ပါ။Tom နဲ့ Liv တိုက ကုမ္ပဏီတစ်ခုတည်းမှာ အလုပ်လုပ်ပေမဲ့အလုပ်လုပ်တဲ့ ရက်တွေမတူကြဘူး။Liv က တနင်္လာနေ့မှာ ရုံးကိုလာပြီး Tom က အင်္ဂါနေ့မှာ လာရတဲ့ ဝန်ထမ်းဖြစ်တယ်။ဒါကြောင့် သူတိုနှစ်ယောက်က အလုပ်ခုံ တစ်ခုံတည်းထိုင်နေပေမဲ့အပြင်မှာမတွေ့ဖူးကြဘဲ အချင်းချင်း မှတ်စုစာလေးတွေ ချန်ထားရင်း စကားပြောဆက်သွယ်ကြတယ်။သူတိုနှစ်ယောက်ရဲ့ သရုပ်မှန်ကို ထုတ်မပြောဘဲ Ms Monday နဲ့ Mr Tuesday ဆိုပြီးလျှိဝှက်ဆန်းကြယ်မှုတွေနဲ့ စာပိုနေကြရင်း ကြာလာတော့ အချင်းချင်းအပေါ် ခံစားချက်တွေပေါက်ဖွားလာပြီး လူချင်းတွေ့ချင်လာကြတဲ့အခါမှာတော့ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ ဒီဇာတ်လမ်းလေးထဲမှာဆက်လက်ကြည့်ရှုလိုရပါတယ်။