Novocaine HD

Novocaine

Action Comedy Thriller HD 2025-03-12 7.017 109 Min

The Boys မင်းသား Jack Quaid ပါဝင်ထားတဲ့စူပါဟီးရိုးဆန်ဆန် အက်ရှင် ဟာသကားအသစ်ထွက်လာပါပြီ။ဇာတ်ကားနာမည် Novocaine ဆိုတာကတော့ထုံဆေးတစ်မျိုးရဲ့ နာမည်ပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းထဲက ဇာတ်လိုက်နဲ့ လိုက်ဖက်ပါတယ်။သူ့မှာ မွေးရာပါ မျိုးဗီဇရောဂါတစ်ခုဖြစ်တဲ့Congenital Insensitivity to Pain withAnhidrosis (CIPA) မွေးရာပါနာကျင်မှုကိုမခံစားနိုင်ခြင်းနဲ့ ချွေးမထွက်ခြင်း ရောဂါရှိနေတာပါ။ ပုံမှန်အားဖြင့် ဒီရောဂါရှင်တွေဟာအသက် ၂၅ ကျော်တာ ရှားပါတယ်။ဘာလို့လဲဆိုတော့ နာကျင်မှုဆိုတာ လူတွေအသက်ရှင်ဖို့မဖြစ်မနေလိုအပ်တဲ့အရာပဲ ဖြစ်လို့ပါပဲ။နာကျင်မှုမရှိတဲ့အခါ ဒဏ်ရာတွေရရင်လည်းမသိအစားစားနေရင် လျှာကိုကိုက်မိရင်တောင် မသိနိုင်တာမို့ အသက်သေဆုံးနိုင်ချေ အရမ်းမြင့်ပါတယ်။ဒီရုပ်ရှင်ထဲကဇာတ်လိုက်ကတော့ အရမ်းကို သတိကြီးကြီးနဲ့အသက်ရှင်ခဲ့ပြီး စားစရာကိုတောင် အရည်ပဲသောက်တာမို့ အရွယ်ရောက်လာတဲ့အပြင် ဘဏ်မှာလက်ထောက်မန်နေဂျာတောင်ဖြစ်လာပြီဖြစ်ပါတယ်ဘဏ်မှာတွေ့တဲ့ ကောင်မလေးတစ်ယောက်ကို ချစ်မိပြီးခါမှ ဘဏ်ကို ဓားပြတိုက်ခံရပြီး သူ့ကောင်မလေးကိုဓားစာခံအဖြစ် ဖမ်းခေါ်သွားကြပါတယ်။ဘာမှ တိုက်ခိုက်တတ်တာမရှိပေမဲ့ ဘာလုပ်လုပ်မနာတဲ့ကောင် ပြုတ်မနူးဆိုတော့ ကားတစ်စီးနဲ့ ဓားပြတွေကိုနောက်က လိုက်ကျုံးပြီး ကောင်မလေးကို ကယ်ဖို့ကြိုးစားရပါတော့တယ်။အဓိကကြည့်ရမှာကတော့ အက်ရှင်ခန်းကြမ်းကြမ်းတွေဟာသတွေနဲ့လှည့်ကွက်လေးတွေ ဖြစ်လို့ ဒီလိုစတိုင်မျိုးကြိုက်တတ်တဲ့သူတွေအတွက်တော့ လက်လွတ်မခံသင့်ပါဘူး။