ဇာတ်လမ်းအကျဉ်းကတော့ မိသားစုအတွင်း အဖြစ်အပျက်ဆိုးတစ်ခုကိုကြုံခဲ့ရတဲ့ Chuck Wilson ဟာမိန်းမဖြစ်သူ Maria, ညီမဖြစ်သူ Isabelle တို့နဲ့အတူဘဝသစ်စတင်ဖို့်အတွက် Ashland Fallsဆိုတဲ့မြို့လေးဆီကို ပြောင်းလာပါတယ်။ ဒါပေမယ့် မြို့လေးဟာတကယ်တမ်းတော့ ကျိန်စာသင့်နေတာပါ။၁၉၄၀ ခုနှစ်လောက်တုန်းက ကိုယ့်ကိုကိုယ်အဆုံးစီရင်ပြီးတော့ ဝိညာဉ်ဖြစ်သွားတဲ့ Helen Fosterဟာဒီမြို့လေးကို ခြောက်လှန့်နေပါတယ်။ တဖြည်းဖြည်းနဲ့သူတို့ကိုလည်း ဝိညာဉ်က စတင်ခြောက်လှန့်လာပါတော့တယ်။ မိသားစုကိုကာကွယ်ဖို့အတွက် Chuck ဟာမြေပုံပေါ်မှာမရှိတော့တဲ့ Helenရဲ့အိမ်ဖြစ်တဲ့ 825Forest Road ကိုရှာဖွေရင်း သူ့မိသားစုကိုကယ်တင်နိုင်ဖို့အတွက် ဝိညာဉ်ဆိုးနဲ့ရင်ဆိုင်ပုံကို ခြောက်ခြားဖွယ်ကြည့်ရှုကြရမှာပါ။ဇာတ်လမ်းက ရိုးရိုးလေးနဲ့စိတ်ဝင်စားဖို့ကောင်းပြီးတော့ကြည့်လို့ကောင်းတဲ့ သည်းထိပ်ရင်ဖို Horror ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။