ယခုအခါတင်တင်ဆက်ပေးလိုက်တာကတော့ ၁၉၉၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ comedy/crime အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ်….မင်းသားကြီး Robert De Niro နဲ့ Billy Crystalတို့ကအဓိကဇာတ်ကောင်အနေနဲ့သရုပ်ဆောင်ထားပါတယ်….ဇာတ်လမ်းကတော့ ဘန်ဆိုဗယ်ဆိုတဲ့စိတ်ရောဂါဆရာဝန်ဟာ အဖေဖြစ်သူကတော့အောင်မြင်နေပေမဲ့ သူ့လုပ်ငန်းကတော့အဆင်မပြေနေပါဘူးထို့အပြင်သူဟာ နောက်အိမ်ထောင်ပြုဖို့အတွက်လုပ်နေပါတယ်….. နဂိုထဲကမှအဆင်မပြေတဲ့လူနာတွေအပြင်၊အိမ်ထောင်ပြုဖို့ကလည်းရှိတဲ့ကြားထဲကမှ ပေါလ်ဗီတီဆိုတဲ့မာဖီးယားခေါင်းဆောင်တစ်ယောက်ဟာ ဘန်ဆိုဗယ်ဆီကိုရောက်ရှိလာခဲ့ပါတယ်….ပေါလ်ဗီတီက panic attack, anxiety attack လို့ခေါ်တဲ့အလွန်အကြွံအထိတ်တလန့်ဖြစ်တာကိုခံစားနေရလို့ဘန်ဆိုဗယ်ဆီရောက်ရှိလာခဲ့တာပါ….ဒီတော့ကြမ်းပေ့ရမ်းပေ့ဆိုတဲ့မာဖီးယားခေါင်းဆောင်တစ်ယောက်ကဘာလို့အထိတ်တလန့်ဖြစ်နေရတာလဲသူ့မှာဘာပြဿနာတွေရှိနေလဲ….ဘန်ဆိုဗယ်ကရောဘယ်လိုကုသပေးမလဲ…မာဖီးယားလူဆိုးတွေဆိုတော့ ဘယ်လိုအရှုပ်အယှက်တွေဖြစ်လာမလဲဆိုတာ ဆက်လက်ရှုစားကြပါခင်ဗျာ…