Vicky and Her Mystery FHD

Vicky and Her Mystery

Drama Family Adventure FHD 2021-12-15 7.1 84 Min

Vicky and Her Mystery (Mystre, 2021)ဆိုတဲ့ဇာတ်ကားလေးကတော့ မိသားစု၊ဒရာမာတစ်ပုဒ်ဖြစ်ပြီးသားသမီးနဲ့ တိရစ္ဆာန်များကြားက ချစ်ခြင်းမေတ္တာ၊ဝမ်းနည်းမှုနှင့် ပြန်လည်ထူထောင်မှုတို့ကို သဘာဝဆန်ဆန်ဖော်ပြထားတဲ့ကားလေးပဲဖြစ်ပါတယ်။Denis Imbert မှ ဦးဆောင်ရိုက်ကူးထားပြီး အသက်ရှစ်နှစ်အရွယ် မိန်းကလေးဖြစ်သည့် Vicky နှင့် သူ့အဖေStphane တို့သည် မိခင်/မိန်းမကိုဆုံးရှုံးလိုက်ရပြီးနောက်တောထဲရှိ ကျေးရွာသို့ ရွှေ့ပြောင်းနေထိုင်တာကနေအစပြုထားပါတယ်။ သူတို့နှစ်ဦးလုံးသည် ဝမ်းနည်းမှုအတွင်းမှ ပြန်လည်ထွက်မြောက်ရန် ကြိုးစားရင်းတစ်နေ့မှာသားအဖနှစ်ယောက်တို့ကတောင်တက်ရင်းလမ်းပျောက်သွားခဲ့ပါတယ်။ ဒါပေမဲ့လည်း တောင်ခြေကအိမ်တစ်အိမ်မှာအကူညီတောင်းခံပြီး အိမ်ရှင်က VickyကိုMysteryဆိုတဲ့ခွေးလေးတစ်ကောင်လက်ဆောင်ပေးခဲ့ပါတယ်။သို့သော်လည်း Mystery က ဝံပုလွေဖြစ်ကြောင်း သိရှိလာသည့်အခါ ဝံပုလွေကိုမုန်းတီးကြတဲ့ သိုးထိန်းနယ်ခံတွေကြားထဲမှာ သူတို့ဘယ်လိုမျိုးပြဿနာတွေကိုဖြေရှင်းကြမလဲMysteryကိုကယ်တင်ပေးနိုင်ကြမလား ဆိုတာတွေကိုစိတ်ဝင်စားဖွယ်ကြည့်ရှုနိုင်မှာပါ။Vicky and Her Mystery သည် မိသားစုနှင့် တိရစ္ဆာန်ချစ်သူများအတွက်ကြည့်ပျော်ရှူပျော်ဖြစ်မဲ့ ဇာတ်ကားတစ်ပုဒ်ဖြစ်ပြီး ရိုးရိုးရှင်းရှင်းလေးနဲ့ သက်ရှိသတ္တဝါများကြားထဲကချစ်ခြင်းမေတ္တာတွေကို ကြည့်ရှုခံစားနိုင်မဲ့ကားလေးပဲ ဖြစ်ပါတယ်။