နှစ်ကူးခါနီး ပိတ်ရက်ရာသီရောက်လာရင် လူတိုင်း ပိုပြီးအထီးကျန်တတ်ကြတာ သဘာဝပါ။ ဝိုင်းတစ်ယောက်လည်းခရစ်စမတ်နားနီးမှ ရည်းစားဆီက ဖောက်ပြန်တာ ခံလိုက်ရပါတယ်။ဒီလိုနဲ့ပဲ သူ့ဒဏ်ရာတွေကို ဖြေလိူ့ရငြား LGBTQ+ app တစ်ခုမှာခရစ်စမတ်တွင်း အိမ်ချင်းလဲနေဖို့လုပ်လိုက်ပါတော့တယ်၊တစ်ဖက်မှာလည်း ဝိုင်းနဲ့အိမ်ချင်းလဲမယ့် အိုလီဗာဆိုတာကဝါသနာမပါပဲ ရှေ့နေလုပ်နေရတဲ့သူတစ်ယောက်ပါ။ သူဟာလည်းရှုပ်ထွေးနေတဲ့ သူ့ဘဝကနေ ခဏရုန်းထွက်ချင်လို့ဝိုင်းရဲ့အိမ်လဲမယ့်အစီအစဥ်ကို လက်ခံခဲ့ပါတယ်။အိုလီဗာနဲ့ ဝိုင်းတဟ်ယောက် ရုတ်တရက် ပြောင်းလဲသွားတဲ့နေထိုင်မှုပုံစံအောက်မှာကိုယ်စီခံစားနေရတဲ့ စိတ်ဒဏ်ရာတွေကို ဘယ်လိုကုသကြမလဲစိတ်ဝင်စားစွာကြည့်ရမှာဖြစ်ပါတယ်။ဂေးတွေရဲ့ လက်တွဲဖော်ရှာရတာ ဘယ်လောက်ခက်ခဲပြီးလက်တွဲဖော်ရှာကြရင်း ရတတ်တဲ့ စိတ်ဒဏ်ရာတွေပါ အများကြီးသေချာပြောပြထားတာမို့ ကြည့်ရတာ တကယ် စိတ်ဝင်စားဖို့ကောင်းပါတယ်။နှစ်ကူးအငွေ့အသက်လေးတွေနဲ့ ခရစ်စမတ်အငွေ့အသက်တွေနဲ့ရိုက်ထားတဲ့Movie လေးဖြစ်တဲ့ The Holiday Exchange ကိုပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။