Main Dukun HD

Main Dukun

Horror HD 2014-06-12 8.3 85 Min

Main Dukun ဟာ ၂၀၁၄ ခုနှစ်ကထွက်ရှိခဲ့တဲ့ အင်ဒိုဟော်ရာကားတစ်ကားဖြစ်ပြီး အောက်လမ်းပညာ၊မှော်အတတ် စုန်းအတတ်တွေကိုအခြေခံတဲ့ ဇာတ်ကားပါပဲ၊ဒီကားရဲ့ထူးခြားချက်ကတော့အင်ဒိုဟော်ရာကားအများစုမှာမြင်နေကျ ခေါင်းမြီးခြုံ ရိုးရိုးအေးအေး ကောင်မလေးတွေအစား အနောက်တိုင်းသူတွေလို အတိုအပြတ်တွေ၊မိတ်ကပ်ထူထူတွေနဲ့ အလန်းစားအဟော့စား အမျိုးသမီးတွေနဲ့ ဖွဲ့စည်းထားတာပါ။လိုင်လာဆိုတဲ့ အသက်အရွယ်နဲ့မလိုက် အံ့ဩစရာကောင်းအောင်အရွယ်တင်နုပျိုလှတဲ့ အမျိုးသမီးတစ်ယောက်ငယ်ငယ်ရွယ်ရွယ်နဲ့ အောက်လမ်းအတတ်ကိုစိတ်ဝင်စားပြီး နတ်ဆရာဆီ ခန္ဓာကိုယ်ပေးအပ်ရင်း ပီယသိဒ္ဓိယူနေတဲ့ သူ့သမီးဖြစ်သူ ရီဟန်းနာနဲ့သူငယ်ချင်း သုံးယောက်၊ပင်ကိုယ်စိတ်စွမ်းရည်ပိုင်ရှင်တီအားရာဆိုတဲ့ ရိုးသားရှက်ကြောက်တတ်တဲ့ ကောင်မလေးတို့ကြားက မှော်မှန်တစ်ချပ်ရယ်၊မှန်ရဲ့အစောင့်အရှောက်စုန်းမအိုကြီးတို့ကြားက အားပြိုင်မှုတွေကိုရှုစားကြရမှာပါ။ထာ၀ရနုပျိုဆေး၊ပီယဆေးအစရှိတာတွေကို အောက်လမ်းအတတ်နဲ့မန်းကြမှုတ်ကြ အစီအရင်လုပ်ကြတာဆိုတော့ခါးအောက်ပိုင်းစကားတွေအတော်များများ တစ်တစ်ခွခွပါဝင်သလို အိပ်ယာခန်းတွေလည်းများတာကြောင့်မိသားစုနဲ့ မကြည့်ဖို့သတိထားစေချင်ပါတယ်။