မင်းသားကြီးAndy Lau နဲ့ Love O2Oထဲကမင်းသားချောလေး Bai Yuတို့ရဲ့ရုပ်ရှင်ဇာတ်ကားကြီးလာပါပြီ။ကပ်ဘေးအန္တရာယ်ကို စွန့်စားပြီးကာကွယ်ရတဲ့ဇာတ်ကားဖြစ်ပါတယ်။အန္တရာယ်ရှိ ဓာတ်ရောင်ခြည်ပစ္စည်းတွေရုတ်တရက်ယိုစိမ့်လာတဲ့အတွက်ဟောင်ကောင်မြို့ကြီးဟာ ၂၄နာရီအတွင်းအန္တရာယ်ကျရောက်တော့မှာဖြစ်ပါတယ်။ဒီကပ်ဘေးကြီးကလွတ်မြောက်ဖို့ ပညာရှင်ဖန့်ဝေလိနဲ့ Ceciliaတို့ကကိုယ့်အကြောင်းပြချက်နဲ့ကိုယ်ရှိကြပါတယ်။ တစ်ချိန်ထဲမှာပဲ မီးသတ်သမား လိကျယ်ဖုန်းဟာသူ့တပ်ဖွဲ့နဲ့အတူ ရှေ့တန်းမှာကယ်ဆယ်ရေးကိုကြိုးစားပြီးလုပ်ကိုင်နေခဲ့ပါတယ်။ဟောင်ကောင်မြို့ကြီးပျက်စီးတော့မယ့်အချိန်နဲ့နီးကပ်လာတာနဲ့အမျှသူတို့တွေဟာ ကာယ ဉာဏ အင်အားပူးပေါင်းပြီးဘယ်လိုကယ်တင်သွားမလဲဆိုတာကို သဲထိတ်ရင်ဖိုကြည့်ရမှာပဲဖြစ်ပါတယ်။