It’s Okay! HD

It’s Okay!

Comedy Family HD 2025-02-26 5 102 Min

ဆိုးလ်အနုပညာအဖွဲ့မှာ အက ပညာကို လေ့လာနေတဲ့ အင်ယောင်း (Lee Re)ဟာ အမြဲတမ်းသွက်သွက်လက်လက် ရှိတဲ့ကောင်မလေး တစ်ယောက်ဖြစ်ပြီး မိခင်ဖြစ်သူ ဆုံးပါးပြီးနောက်မှာတော့နေစရာ မရှိတဲ့အတွက် ကျောင်းက လေ့ကျင့်ရေးအခန်းမှာ ပုန်းအောင်းပြီး နေနေခဲ့ပါတယ်။တစ်ရက်မှာတော့ အနုပညာအဖွဲ့က နည်းပြ တဖြစ်လည်း အေးတိအေးစက် ခပ်ပြတ်ပြတ် ဆက်ဆံတတ်တဲ့ဆောအာ (Jin SeoYeon) က လေ့ကျင့်ရေးခန်းထဲမှာ ပုန်းနေတဲ့ အင်ယောင်းကို တွေ့သွားခဲ့ပြီး သူနဲ့အတူခဏတဖြုတ် နေဖို့ အိမ်ကို ခေါ်လာခဲ့ပါတယ်။ ရပ်ကွက်ထဲမှာ ဆိုရင်လည်း အင်ယောင်းကို တူမလေးတစ်ယောက်လိုသဘောထားပြီး အကြံဉာဏ်တွေ ပေးတတ်တဲ့ ဒုံဝု (Son Suk Ku) ဆိုတဲ့ ဦးလေးကြီးနဲ့အင်ယောင်းနဲ့ ရွယ်တူ ဒိုယွန်း (Lee Jung Ha) ဆိုတဲ့ ကောင်လေးရှိပြီးတော့ အားလုံးကတစ်ယောက်တစ်မျိုးစီအင်ယောင်း အတွက် အားဖြစ်စေတဲ့သူတွေပေါ့။အေးတိအေးစက် ဆက်ဆံတတ်တဲ့ ဆောအာကရော အင်ယောင်းနဲ့ တွေ့ပြီးနောက်မှာ နှလုံးသား နူးညံ့လာမှာလားဦးလေးတစ်ယောက်လို အားကိုးရတဲ့ ဒုံဝုကရော အင်ယောင်းဘဝအတွက် ဘယ်လို အားဖြစ်စေမလဲ..ဆိုတာကို လူငယ်သဘာဝ ဇာတ်ကြောင်းလေးနဲ့ အတူ ဘဝရဲ့ အနှစ်သာရ တစ်စိတ်တစ်ပိုင်းကိုပါခံစားနိုင်မဲ့ပေါ့ပေါ့ပါးပါး ဇာတ်ကားလေး ဖြစ်လို့ ကြည့်ရှုဖို့ ညွှန်းဆိုပေးလိုက်ပါတယ်။