Holy Cow HD

Holy Cow

Comedy Drama HD 2024-12-11 7.2 90 Min

ဒီပြင်သစ်ရုပ်ရှင်ကတော့ ကျေးလက်ဘက်က လူငယ်တွေရဲ့ ဘဝကို အခြေတည်ထားတယ်။ အလုပ်လုပ်လိုက် လုပ်ချင်တာတွေလုပ်လိုက်နေနေတဲ့ လူငယ်တွေ။သူတို့အချင်းချင်းကြားက သံယောဇဉ်တွေကိုအခြေတည်ထားတယ်။ အဓိကဇာတ်ကောင်က အဲဒီလိုကောင်လေးတစ်ကောင်ပါပဲ။ဒါပေမဲ့ သူ့အဖေ ကားမှောက်ပြီးသေသွားတဲ့အချိန် သူနဲ့သူ့ညီမလေးပဲ ကျန်ခဲ့တဲ့နောက် လူငယ်ဘဝကနေသူ့ညီမလေးနဲ့သူအသက်ရှင်နိုင်ဖို့ ရရာအလုပ်တွေလုပ်ရင်း လူကြီးလည်းမကျ လူငယ်စိတ်လည်းမပျောက်ဖြစ်လာတဲ့ ကောင်လေး ခက်ခဲလာတာတွေ ။ လက်ခံနိုင်လာတာတွေ။ ဘာမှမဟုတ်သလိုကျော်ဖြတ်သွားတာတွေကိုပြထားတယ်။ပြင်သစ်ရုပ်ရှင်ဆိုတော့လည်း ထုံးစံအတိုင်း ယုတ္တိလွန်တဲ့ ကြည့်ကောင်းတဲ့ ဇာတ်အိမ်တွေနဲ့တော့ မဟုတ်ပါဘူး။ ယုတ္တိရှိရှိလေးနဲ့ ငြိမ်နေတဲ့ ဇာတ်လမ်းပါပဲကောင်လေးဟာ နောက်ပိုင်း ဒိန်ခဲလုပ်ငန်းလုပ်ဖို့ ကြိုးစားတဲ့အခန်းတွေမှာ ဒိန်ခဲတွေရဖို့ ဘယ်လောက်ခက်ခဲလဲဆိုတာ သေချာလေးတော့ပြထားပါတယ်။ ဒါတော့ စိတ်ဝင်စားစရာကောင်းပါတယ်။