Home HD

Home

Drama Romance HD 2012-04-18 5.3 131 Min

ယခုတစ်ခါတင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ ချစ်ခြင်းမေတ္တာတွေကို ဖော်ညွှန်းတင်ဆက်ထားပြီးတော့ဇာတ်လမ်းတို ၃ပိုင်းနဲ့ ပေါင်းစပ်ရိုက်ကူးထားတဲ့ အချစ်ဒရာမာဇာတ်ကားလေးဖြစ်ပါတယ်ပထမဇာတ်လမ်းမှာတော့ အနာဂတ်ရည်မှန်းချက်တွေအပြည့်နဲ့ လူငယ်လေးနှစ်ဦးရဲ့ ခင်မင်မှု ချစ်ခင်မှုတွေကို ပြသထားပါတယ်…ဒုတိယဇာတ်လမ်းမှာတော့ ခင်ပွန်းသည်ကို ဆုံးရှုံးလိုက်ရတဲ့အမျိုးသမီးတစ်ယောက်ရဲ့ ဝမ်းနည်းစရာအချိန်တွေကိုကြိုးစားဖြတ်ကျော်နေပုံကို တင်ဆက်ရိုက်ကူးပြသထားပါတယ်…နောက်ဆုံးဇာတ်လမ်းအနေနဲ့ကတော့ မင်္ဂလာဆောင်တော့မဲ့ သတို့သမီးလေးဟာ ငယ်ကချစ်ခဲ့ရတဲ့ ချစ်သူနဲ့အခုလက်ထပ်တော့မဲ့ချစ်ရသူခင်ပွန်းသည်ကြားမှာ ဗျာများရင်း သူ့ဘဝလမ်းကြောင်းအတွက် ရွေးချယ်ပုံကို တင်ဆက်ထားပါတယ်…ဒီလိုဒီလို ဇာတ်လမ်းတွေ လူမှုဆက်ဆံရေးပုံစံတွေကို စိတ်လှုပ်ရှားဖွယ်ဖြစ်အောင်ရိုက်ကူးတင်ဆက်ပြသထားတာဖြစ်လို့အချစ်ရိုမန့်ဒရာမာကြိုက်နှစ်သက်သူ ပရိသတ်များ မလွတ်တန်းကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်…