Evil HD

Evil

Horror Thriller HD 2004-05-14 7.4 105 Min

မိဘတွေရဲ့အဖြစ်ဆိုးကို ကိုယ်တိုင်မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပြီးတဲ့နောက်ထင်ယောင်ထင်မှားတွေမြင်တဲ့ စိတ်ရောဂါရပြီး ဆေးကုသမှုခံယူနေရတဲ့ အွီဆိုတဲ့ကောင်မလေး…ခိုကိုးရာမဲ့နေတဲ့အွီတစ်ယောက်အဒေါ်ဖြစ်သူ’ဘူဝါ’ရဲ့ ပုံနှိပ်တိုက်မှာ လာနေပြီးတော့အဒေါ်ဘူဝါရဲ့မြေးဖြစ်သူ အမ်းကိုထိန်းပေးရဖို့ ဖြစ်လာပါတော့တယ်…ဒါပေမဲ့ ‘အမ်း’က မထင်ရင်မထင်သလို သူကိုယ်တိုင်ကပဲ သရဲမြင်နေသလို အိမ်ကြီးထဲမှာပဲ သရဲရှိသလိုတွေပြောနေတဲ့အပြင်သူ့ရဲ့အဒေါ်ဘူဝါကလည်း နတ်ဝင်သည်လိုလို ဘာလိုလိုနဲ့ အိမ်မှာထူးဆန်းတဲ့နတ်ခန်းကြီးရှိနေပါသတဲ့…အလုပ်သမားတွေကိုမေးကြည့်တော့လည်း အိမ်မှာသရဲ‌ပဲရှိနေသလိုလို အဒေါ်ဘူဝါကပဲ သရဲတွေမွေးသလိုလို ပြောကြပြန်တော့အွီတစ်ယောက် အတွေးတွေပိုများလာတော့တာပေါ့ဒီလိုနဲ့တစ်နေ့ အဒေါ်ဘူဝါအိမ်မှာမရှိတုန်းအိမ်မှာ ထူးဆန်းတာတွေ ဖြစ်လာချိန်မှာတော့…