ပဲန်နဲ့ပန် ညီအစ်ကိုနှစ်ယောက်ဟာ အမေအုပ်ထိန်းမှုနဲ့သာကြီးပြင်းရတဲ့သားတွေပါ…ဆယ်ကျော်သက်အရွယ် အပေါင်းအသင်းမက်ချိန်မှာရည်မှန်းချက်တွေအတွက် စတင်ချင်ကြတဲ့အချိန်မို့ အပြိုင်အဆိုင်တွေလည်းများလာကြတာ သဘာဝပါပဲ…ပဲန်ဟာ အစ်ကိုကြီးပီပီညီလေးဖြစ်သူ ပန်ကို နည်းမျိုးစုံနဲ့ စောင့်ရှောက်ပေးရှာပါတယ်…ညီဖြစ်သူပန်ဟာ သူငယ်ချင်းတွေနဲ့ သီဆိုတီးခတ်ရင်း နာမည်ကြီးတီးဝိုင်းရဲ့ဖျော်ဖြေပွဲမှာ ပါဝင်နိုင်ဖို့ ကြိုးစားနေသူပါ…ပန်တို့အဖွဲ့ သီချင်းတစ်ပုဒ်ဖန်တီးကာ ယူကျုပေါ် တင်ခဲ့ရာ ကြည့်ရှုသူ၁ သန်းနီးပါးဖြစ်လာခဲ့ပါတယ်…သူတို့နာမည်ကြီးလာတဲ့အပေါ် တခြားကျောင်းက ပဲန်နဲ့ရွယ်တူ တင် တို့သူငယ်ချင်းတွေကလည်း အတုခိုးကာ ပြိုင်ဆိုင်ခဲ့ကြပါတယ်…ပန်ရဲ့အုပ်စုနဲ့ တင်ရဲ့အုပ်စုတို့ရန်ဖြစ်ကြချိန်မှာ အစ်ကိုဖြစ်သူ ပဲန်ပါ အကြိမ်ကြိမ် ဝင်ရောက်ကူညီထိုးနှက်ရင်း သတိပေးခံရ စောင့်ကြည့်ကာလသတ်မှတ်ခံတဲ့အထိ ဖြစ်လာခဲ့ပါတယ်…မိဘနဲ့ ညီလေးအပေါ် ချစ်လွန်းတဲ့ ပဲန် ဟာ ရွန်ဆိုတဲ့ကျောင်းသူလေးကို တင်နဲ့ အတူတူ ကြိုက်မိသွားချိန်မှာတော့…မိသားစုအချင်းချင်း သံယောဇဉ်၊ ရေပန်းစားနာမည်ကြီးဖို့ ပြိုင်ဆိုင်လာကြရင်းကနေ ဆယ်ကျော်သက်ကျောင်းသားများကိုယ်ထိလက်ရောက်ရန်ဖြစ်သွေးထွက်သံယိုဖြစ်ကာ ရဲစခန်းထိ ထိန်းသိမ်းခံကြရတဲ့အကြောင်းတွေ ရိုက်ကူးထားတဲ့ အက်ရှင် ဒရာမာ ဟာသ ဇာတ်ကားလေးဖြစ်လို့ကြည့်ရှုခံစားစီးမျှောနိုင်အောင်တင်ဆက်ပေးလိုက်ပါတယ်…