ဒီတစ်ခါမှာတော့ အရင်တုန်းက ကြည့်ခဲ့ဖူးတဲ့ The Descend လိုမျိုး ခပ်စဥ်စဥ်ဇာတ်ကားတစ်ကား ထွက်လို့လာပါပြီ။ ကာရာရဲ့ ကောင်လေးက လက်ထပ်ခွင့်တောင်းဖို့ Romatic ဆန်ဆန်အရင်ကပိတ်ချထားပြီဖြစ်တဲ့ မိုင်းတွင်းထဲကို သူငယ်ချင်းတစ်စုနဲ့ ရောက်လာခဲ့ကြပါတယ်။ သူတို့မသိသေးတဲ့အချက်က အဲ့ဂူကပိတ်ချထားတာမို့ လူတွေမရှိတော့တဲ့အတွက် မိချောင်းတွေရဲ့ ခိုလုံရာဖြစ်နေတာပါ။ဒီလိုထဲသူငယ်ချင်းတစ်စု ဂူထဲကိုသွားရင်း အထဲမှာမိချောင်းတွေရန်ကြောင့် ပိတ်မိနေခဲ့ပါတယ်။ အပြင်မှာ အမဖြစ်သူ စမ် ကသူ့ညီမ ကာရာကို အဆက်အသွယ်မရတော့တာကြောင့်အတော်လေးကိုစိတ်ပူနေတဲ့အခါ…. ဘာဖြစ်သွားမှန်းမသိရတဲ့ သူ့ညီမကိုကူညီကယ်တင်ဖို့ စမ် ကိုယ်တိုင်ဂူကြီးထဲကို လိုက်သွားတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲ……