Nee Dhaarey Nee Katha HD

Nee Dhaarey Nee Katha

Comedy Drama HD 2024-06-14 8.3 122 Min

ဒီတစ်ခါမှာတော့ ပရိသတ်ကြီးအတွက် တေလဂူစကားပြော ဟာသ-ဒရာမာဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။အရည်အချင်းရှိတဲ့ ဂီတပညာရှင်ပေါက်စ အာဂျွန်ဟာ သူငယ်ချင်းဖြစ်သူနဲ့အတူဂီတအလုပ်တွေကို လုပ်ကိုင်နေသူပါ။ခံစားချက်ကိုဦးစားပေးတတ်တဲ့ အနုပညာသမားတို့ထုံးစံအတိုင်း အာဂျွန်ဟာလည်းကိုယ်မှန်တယ်ထင်ရာကိုလုပ်တတ်ပြီး မိဘတွေနဲ့သိပ်အစေးမကပ်လှပါဘူး။အာဂျွန်ရဲ့အိပ်မက်ကတော့ အောင်မြင်တဲ့သံစုံတီးဝိုင်းကြီးတစ်ခု တည်ထောင်နိုင်ဖို့ပါပဲ။အဲဒီလိုဖြစ်ဖို့ကလည်း လွယ်လှတာတော့မဟုတ်ပါဘူး။ ရှုပ်ထွေးလှတဲ့ ဂီတာလောကမှာလူပေါင်းစုံ အလွဲပေါင်းစုံနဲ့ ကြုံကြိုက်ရပါတယ်။ဒီလိုနဲ့ အာဂျွန်ရဲ့အိပ်မက်ပန်းတိုင်ကိုသွားရာလမ်းမှာ ဘယ်လိုအလွဲတွေတွေ့ရမလဲဆိုတာနဲ့ သူ့အလုပ်၊ သူ့မိသားစုဘ၀၊ အချစ်ရေးကိစ္စကိုပါဒရာမာနဲ့ဟာသလေးတွေရောပြီး တင်ဆက်ပေးထားတာဖြစ်ပါတယ်။