Hye-Joong(Jung So-min) ဟာ အသက် ၄နှစ်မတိုင်ခင်က အဖြစ်အပျက်တွေကိုမေ့ပျောက်နေတဲ့သူ တစ်ဦးပါ။ ညတိုင်း အိပ်မက်ဆိုးတွေ မက်ပြီးတော့ ဆိုးဝါးလှတဲ့အိပ်မက်ဆိုးတွေက လက်တွေ့ဘဝကိုပါ ထိခိုက်လာပြီးတော့ နတ်ဆရာမနဲ့ပါ တိုင်ပင်ပြီးအကြံဉာဏ်တောင်းရတဲ့ထိ ဖြစ်လာခဲ့ပါတယ်။နတ်ဆရာမရဲ့ “ပျောက်ဆုံးနေတဲ့အရာတွေကို ရှာဖွေရမယ်” ဆိုတဲ့ ဟောကြားချက်အရလွန်ခဲ့တဲ့ ၂၄နှစ်တုန်းက နေထိုင်ခဲ့တဲ့ Wonderland ဆိုတဲ့ဗီလာလေးကို ပြန်လာခဲ့ရပါတယ်။Wonderland မှာ သူမကို စောင့်မျှော်ကြိုဆိုနေတဲ့သူကတော့ Hwan(Hong Jong-Hyun)နဲ့ယုန်ဖြူလေးတစ်ကောင်ပဲဖြစ်ပါတယ်။သတ်မှတ်ထားတဲ့ ၁၅ရက်အတွင်း ကံကြမ္မာဆိုးကို ရှောင်ရှားဖို့အတွက်သူမနဲ့ Wonderland က ကောင်လေးတို့ ဘယ်လိုတွေ အဖြေရှာသွားမလဲ…ဘယ်လိုထိတ်လန့်စရာအကြောင်းတွေက နောက်ကွယ်မှာရှိနေတာလဲ…သူမ မမှတ်မိခဲ့တဲ့ အသက် ၄နှစ်မတိုင်ခင်ကဖြစ်ရပ်တွေကရော ဘာတွေလဲ…ဆိုတာကိုရင်ဖိုဖိုနဲ့ စိတ်ဝင်တစား နစ်မြောကြည့်ရှုရမဲ့ ဇာတ်ကားလေးဖြစ်တာကြောင့် ကြည့်ရှုကြည့်ကြပါဦးနော်။