အူဂျင်မြို့မှာ နှစ်ပေါင်းများစွာ မကောင်းဆိုးဝါးသောင်းကျန်နေတာကြောင့် တောင်ကိုရီးယားနိုင်ငံကထိပ်တန်းပယောဂဆရာတွေအများကြီးစုပြီး သရဲနှိမ်နင်းဖို့ သွားခဲ့ကြတယ်။ပယောဂဆရာအဖွဲ့ထဲမှာတော့ တစ်ယောက်နဲ့တစ်ယောက် အစွမ်းမတူတဲ့ ပယောဂဆရာမျိုးစုံကိုတွေ့ရမှာဖြစ်ပါတယ် ။တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းနတ်ဝင်သည် ဆရာဘတ် (Kim Su Ro)ဦးဆောင်ပြီး၊ အင်ဂျင်နီယာပါမောက္ခ ပယောဂဆရာ ဆော့ဟျွန်း (Lee Je hoon), သရဲမြင်ရတဲ့ဘုန်းတော်ကြီးရှီမင်း(Kwak Do Won), အတိတ်ကိုမြင်ရတဲ့ နက္ခတ်ဗေဒင်ဆရာမ ဆွန်းဟီး (Kim Yoon Hye),အနာဂတ်ကိုကြိုမြင်နိုင်တဲ့ကောင်လေး ဝေါဂွမ် (Yang Kyung Mo) တို့အပြင် တခြားပယောဂဆရာများစွာလည်းပါဝင်ပါသေးတယ်။ ဒါ့အပြင် သတင်းထောက်ချွဲချန်ယောင်း (Kang Ye Won)ကလည်းမှတ်တမ်းယူဖို့ အတူတူလိုက်သွားခဲ့ပါတယ်။အူဂျင်ကိုရောက်တဲ့အခါမှာတော့ မကောင်းဆိုးဝါးဟာသူတို့မျှော်မှန်းထားတာထက် အားကောင်းနေပြီးသတင်းထောက်ချွဲချန်ယောင်းရဲ့ အဖေရဲ့သေဆုံးမှုကလည်း ဒီမြို့နဲ့ပတ်သက်နေတယ်ဆိုတာကို သိသွားခဲ့ရတယ်။ချန်ယောင်းရဲ့အဖေကဘယ်လိုသေဆုံးသွားခဲ့ရတာလဲ…..မကောင်းဆိုးဝါးကရော ဘယ်လိုကြောင့်ဖြစ်လာရတာလဲ ..ဘာလို့အဲဒီလောက် အားကောင်းနေရတာလဲ……အဲဒီမကောင်းဆိုးဝါးကို ပယောဂဆရာတွေ ပေါင်းပြီးဘယ်လိုနှိမ်နင်းသွားမလဲဆိုတာ ဟာသလေးတွေရောပြီးတစ်ကားလုံးပါးစပ်မစိဘဲ ကြည့်ရမယ့်ကားလေးမို့လို့ ကြည့်လိုက်ကြပါဦးနော် ။